အခန်း ၁၀ ပွဲဦးထွက် ၈

4.3K 890 11
                                    

Chapter 10 အခန်း ၁၀ ပွဲဦးထွက် ၈

ကွမ်ကျင် ပြန်ရောက်သွားချိန်တွင် ရုံးခန်းထဲတွင်တော့ ပွက်လောညံနေပြီး သူ့ကို ‘ကယ်တင်ရန်’ သွားကြဖို့ လူတိုင်းက လုပ်နေဆဲ အချိန် ဖြစ်နေသည်။

“ကွမ်ကျင်လေး” လင်းပိုင်က သူ့ဆီ ပြေးလာပြီး “မင်းကို ရာဇဝတ်သားတွေ ပြန်ပေးဆွဲသွားပြီး သူတို့ ပုန်းနေတဲ့ နေရာ ခေါ်သွားပြီလို့ ထင်နေတာ ပြီးတော့..”

“ပြီးတော့ ဘာလဲ?”

လင်းပိုင်က ကွမ်ကျင်၏ အေးစက်စက်အကြည့်အောက်မှာ တိတ်သွားသည်။

“ငါတို့က နင် ကိုယ့်ဘာသာကိုယ် ပြန်သွားပြီလို့ ထင်တာလေ ဒါပေမယ့် ဒီလဲ ရောက်ရော နင်က မရှိဘူး။ ငါတို့ ခေါ်တာလဲ ဖုန်းမှ မကိုင်တာ အဲဒိတော့ နင်တစ်ခုခု ဖြစ်ပြီလို့ ထင်လိုက်တာလေ” ချန်ချောင်ယွီက သက်ပြင်းချလိုက်သည်။

“ကျွန်တော်က ရဲလို့ ထင်တာပဲနော်” ကွမ်ကျင်က ခနဲ့သလို ပြောလေသည်။

“…အာ နင်က အရင်က မြေပြင်ကို တစ်ခါမှ မှ မဆင်းဘူးတာ” ချန်ချောင်ယွီက ကွမ်ကျင့် စိတ်ခံစားချက်က သိပ်မကောင်းမနေဘူး ဆိုတာကို သတိပြုမိသည်။

ကွမ်ကျင်က ဝမ်ကျင်းဟန်ရှေ့က စားပွဲပေါ်သို့ စာရွက်တစ်ပိုင်း ဖျတ်ခနဲ ရိုက်ချပေးလိုက်သည်။

“ဘာလဲ”

“စရိတ်ပြန်တောင်းတဲ့စာရင်း”

“…..”

ကွမ်ကျင်က နောက်ထပ် တစ်ရွက်အနည်းငယ် ခုံပေါ်ကို ထပ်ချပြန်သည်။

“ကျင်လေး ဘယ်လောက်တောင် သုံးခဲ့တာလဲ။ ငွေပမာဏ တစ်ခုကျော်သွားရင် ပြန်တောင်းလို့ မရဘူးနော်” ကျန်းဖေးက ဝင်ပြောလေသည်။

ဝမ်ကျင်းဟန်က စာရွက်တွေကို ကောက်ယူကာ ကြည့်ပြီး အံသြစွာနှင့် “ဒါက ဘာလဲ”

“လွန်ခဲ့တဲ့ နှစ်လအတွက် ဇီလန်ကလပ်က ငွေတောင်းခံလွှာစာရင်း နည်းနည်းတော့ အသုံးဝင်လောက်တယ်” ကွမ်ကျင်က သူ့ခုံမှာ ထိုင်လိုက်သည်။

“ဒီဟာတွေ ဘယ်လို ရလာတာလဲ” ဝမ်ကျင်းဟန်က အနည်းငယ်မျက်ခုံးပင့်သွားလေသည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now