အခန်း ၇၇

2.1K 455 7
                                    

Chapter 77 အခန်း ၇၇ ရေပြင်ကို ဖြတ်လို့ သဘောင်္ခရီး ၁၁

မီးရှူးမီးပန်းများနှင့် ခပ်လှမ်းလှမ်းမှ မြူများ ပေါင်းစပ်သွားသောအခါ အားလုံး၏ မျက်နှာမှာ မီးရောင်ကြောင့်သာ တစ်ဖြတ်ဖြတ် လင်းနေတော့သည်။ လူတိုင်းကလဲ အန္တရာယ်ကို မေ့သွားကြပုံ ရကာ ရုတ်ချည်း ဖြစ်တည်လာသော အလင်းတန်းများကိုသာ ငေးမောလို့ နေတော့သည်။

“ကျွန်တော် လူတွေခေါ်ပြီး သွားကြည့်လိုက်ပါ့မယ်” ထိန်းချုပ်ခန်းထဲမှာ ထွက်လာသည့် ကပ္ပတိန်ဂျိမ်းစ် နှင့် သဘောင်္သားနှစ်ယောက်က မီးသတ်ဆေးဘူးများ ကိုင်ကာ လှေကားကနေ ပြေးဆင်းသွားသည်။

လူတိုင်းက အဲဒိတော့မှပဲ နိုးထလာသလို ဖြစ်ကုန်သည်။

သဘောင်္၏ ထိပ်ပိုင်းနားမှ လက်ရန်းတားတါင် မတ်တပ်ရပ်နေသူ ထောင်ယွီက တစ်နေရာကို လက်ညိုးထိုးကာ “ဟိုနားက ကုန်းပေါင် ပေါ်မှာ မီးခိုးတွေ အရမ်းထူနေတယ် ”

တစ်ဖက်နားတွင် ရှိသည့် ချင်ရှောင်ကလဲ လည်ဆန့်ကြည့်ကာ “ဟုတ်တယ်”

“ကိုယ် အောက်ဆင်းပြီး သွားကူလိုက်ဦးမယ်” လုယွင်ယွမ်က ကွမ်ကျင်ကိုပြောလိုက်သည်။

“ကျွန်တော်လဲ လိုက်မယ်”

ဒါနှင့်ပဲ လူအုပ်ကြီးတစ်အုပ် အောက်ကို တစ်ရှိန်ထိုး ပြေးဆင်းသွားတာနှင့် အဆုံးသတ်သွားသည်။

တတိယထပ်မှ ဝမ်ကျင်းဟန်သည်လဲ လှေခါးတွင်ပေါ်လာသည်။ သူလည်းပဲ လူအုပ်ကြီးနှင့် ရောဆင်းတော့မယ့် အချိန်တွင် မြို့စားက သူ့ကို လှမ်းဆွဲကာ “ပင်လယ်ပြင်ကျယ်ကြီးတောင် ရောက်နေပြီ ဒါ မင်းရဲ့ လုပ်ပိုင်ခွင့်ထဲ မဟုတ်တော့ဘူး”

ဝမ်ကျင်းဟန်က သူ့လက်ကို ဖယ်ရှောင်ကာ “ပလိစ် ..ဒါ သမုဒ္ဒရာထဲ မျောနေတဲ့ သဘောင်္နော်။ တကယ်ကြီး ပေါက်ကွဲသွားရင် ငါတို့နဲ့ မဆိုင်ဘူးဆိုတာ ဟုတ်ဦးမှာလား” ပြောပြီးသည်နှင့် မျက်နှာကြီး မည်းသည်းကျန်ခဲ့သော မြို့စားကို ချန်ရစ်ကာ သူလဲ အောက်ကို ပြေးဆင်းသွားသည်။

တောင့်တောင့်ကြီး ရပ်ကာ ဘာလုပ်ရမလဲဆိုတာ လွန်ဆွဲအပြီးမှာတော့ သူလဲ သူ့သက်တော်စောင့်ကို ခေါင်းညိမ့်ကာ “လိုက်သွား”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now