အခန်း ၉၂ စတူဒီယိုမှ အထိတ်အလန့် ၂

2.1K 385 18
                                    

Chapter 92 အခန်း ၉၂ စတီဒီယိုမှ အထိတ်တလန့် (၂)

ကျန်းဖေးနှင့် ကူရှန်းတို့က စင်ပေါ်ကို အရင်ဆုံး ပြေးတက်သွားကာ အခြားသူတွေကို အဝေးမှာသာ နေအောင် ထိန်းလိုက်ကြသည်။

လီဖန်နှင့် ကွမ်ကျင်က အဲဒိကို သွားကာ ငုံ့လဲ ကြည့်လိုက် ကြည့်လိုက်ရော အသက်တောင် အောင့်မိသွားသည်။

သစ်သားသေတ္တာအတွင်းတွင် အမျိုးသားတစ်ယောက် မျက်လုံးများ ပိတ်လျက် မျက်နှာကလဲ စာရွက် ထက်တောင် ဖြူစုတ်လှသေးသည်။ လီဖန်က အသာကိုင်းချကာ သွေးခုန်နှုန်းကို စမ်းပြီးတော့ ထိုအလောင်း၏ လက်ကို ခပ်သာသာလေး ဆောင့်ဆွဲလိုက်သည်။ ပြီးတော့ ခေါင်းခါကာ ခပ်တိုးတိုးနှင့် “သေပြီးတာ အနည်းဆုံး နှစ်နာရီ ကြာနေပြီ။ ပြီေးတာ့ အလောင်းက တောင့် တောင် တောင့်လာနေပြီ”

“ဘာဖြစ်တာလဲ” သူ့အရှေ့က ဝရုန်းသုန်းကားကို မြင်ပြီးတော့ ချင်ထောင့်ဆီ က အော်သံထွက်လာသည်။

ချန်ချောင်ယွီက စင်ပေါ်မှာ မတ်တပ်ရပ် တင်ပါးထောက် ကာ သူ့ကို စိုက်ကြည့်လိုက်သည်။ “ဘာတွေ အော်နေတာလဲ? ရှင့် ရိုက်ကွင်းမှာ မရှင်းမလင်း လူသေမှုကြီး ဖြစ်နေပြီလေ ဒါကြောင့်မို့ အားလုံးပဲ တိတ်တိတ်လေး နေပေးပါ ပြီးတော့ ကျွန်မတို့ စုံစမ်းမှုကို ပူးပေါင်းပေးကြဖို့ ပြောချင်တယ်”

“ဘာ”

နောက်ဆုံးတော့ ကျောင်းရှင်းတစ်ယောက် တုန်ရီနေတာ ရပ်ကာ ခပ်ရှရှ အော်သံထွက်လာသည်။ “သေတ္တာထဲမှာ လူသေကြီး”

“အစောထဲက အဲဒိမှာ အလောင်းရှိရမှာလေ ဒါပေမယ့် အဲဒါကလဲ သေချင်ယောင်ဆောင်ယုံပဲလေ” ချင်ထောင်က ဒေါသပုန်တွေ ထလာသည်။

“ချင်ထောင်” ယန်ချင်က တည်တည်ငြိမ်ငြိမ်နှင့် ခေါ်လိုက်သည်။ “အဲဒါက သရုပ်ဆောင် မဟုတ်ဘူး။ အစစ်ဖြစ်နေတာ။ အဲဒိမှာ လူသေအလောင်းတစ်ခု ရှိနေတယ်။ ငါတို့ ဇာတ်ပစ္စည်းတွေ ပြင်ဆင်တဲ့ အထဲက အဖွဲ့သားတစ်ယောက်ပဲ..”

ယွီမန်ထင်တောင် ပါးစပ်အဟောင်းသာ ဖြစ်သွားကာ ကျန်တဲ့သူတွေလဲ အကုန် ထိတ်လန့် တုန်လှုပ်ကုန်သည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now