အခန်း ၄၁ ကျောင်းတွင်းသံသယ ၃

2.8K 613 18
                                    

Chapter 41 အခန်း ၄၁ ကျောင်းတွင်း သံသယ

သူ ခရီးဆောင်သေတ္တာနှင့် အိပ်ဆောင်ရှေ့ မတ်တပ်ရပ်လိုက်လျှင်ပဲ ကွမ်ကျင့်မျက်လုံးများက တွန့်ခနဲ ဖြစ်သွားသည်။

သူ့ဘေးနားတွင် မတ်တပ်ရပ်နေသည့် လုယွင်ယွမ်ကတော့ အလွန်အမင်း ကျေနပ်နေပုံ ရသည်။ “ကိုယ့် မိသားစုထဲက ကလေးတစ်ယောက် အရွယ်ရောက်လာသလိုပဲ ခံစားရတယ်။ ကလေးတွေ ခေါ်လာတဲ့ မိဘတွေလဲ ဒီလိုမျိုးပဲ ခံစားကြမှာပဲ”

“ခင်ဗျား အိပ်ယာမနိုးသေးရင်လဲ ကျွန်တော့်ကို လိုက်ပို့စရာ မလိုဘူး”

“အလုပ်မဖြစ်ဘူးနော်ကွ… မင်းလေး အဆောင်ထဲကို ပြောင်းပြီး ပစ္စည်းတွေ နေရာချပြီးတာ မြင်ရမှကို ဖြစ်မှာ”

“အာ…ပရော်ဖက်ဆာလုများလား” အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက အိပ်ဆောင် အေ ဧရိယာမှ ထွက်လာပြီး သူ့ကို လက်ယမ်းပြသည်။ “ဒါ ဆရာ့ကလေးလား? ဖြစ်တော့ မဖြစ်နိုင်ပါဘူး။ ဘယ်လိုလုပ် ဆရာ့ကလေးက ဒီလောက်အရွယ်ရှိမှာလဲ။ ဆရာက သုံးဆယ်မပြည့်သေးဘူးလို့တောင် ထင်ရတာကို”

ကွမ်ကျင်က ဘေးကို ဖြည်းဖြည်းလေး လှည့်ကာ “ပါး (ဖေ့)”

“ဒီကလေးကတော့ လျှောက်နောက်နေပြန်ပြီ။ သူ့ကို စိတ်ထဲ မထားပါနဲ့” လုယွင်ယွမ်က ကွမ်ကျင့်ပခုံးကို လက်နှင့် အသာဖက်ကာ “ဒါ ကျွန်တော့်သူငယ်ချင်းရဲ့ ညီငယ်လေးလေ။ သူက ကျွန်တော့ ညီငယ်လေးလိုပဲ။ သူက ဖလှယ်ရေးအစီအစဉ်က ကျောင်းသားလေ။ ဒီတော့ သူ့ကို စောင့်လျှောက်ပေးပါဦးဗျာ”

“ဒါပေါ့ လုပ်ပေးရမှာပေါ့ ပရောဖက်ဆာလုရယ်” အမျိုးသမီးက ရွှင်လန်းစွာကို ပြုံးရွှင်နေသည်။

လုယွင်ယွမ်က အဆောင်မှူး နောက်ကနေ အဆောင်ထဲကို လိုက်ကာ ကွမ်ကျင့်ကိုလဲ တိုးတိုးလေး ကပ်ပြောလိုက်သည်။ “မွေးရကျိုးမနပ်တဲ့သားလေး။ သတိထား မင်းအဖေ မင်းကို လာဆိုလိမ့်မယ်”

“သူ မလာပါဘူး ဒါပေမယ့် ခင်ဗျားကိုတော့ လာရှာရင် ရှာမှာပေါ့”

“…..”

XXXXXXXX

ကျောင်းအဆောင်က အခြေအနေအတော်ကောင်းသည်။ လေးယောက်နေရတာ ဖြစ်သည်။ အိပ်ယာများကို အပေါ်တွင် ထားကာ အောက်ထပ်တွင်တော့ စာရေးစားပွဲ ရှိကာ အခန်းထဲတွင် သီးသန့်ရေချိုးခန်းလဲ ရှိသည်။ 

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now