အခန်း ၆၈

2.5K 521 7
                                    

Chapter 68 အခန်း ၆၈ ရေပြင်ကို ဖြတ်လို့ သဘောင်္ခရီး ၂

တံခါးဝမှ အရပ်ရှည်ရှည်အမျိုးသားလေး ပြောလို့ ဆိုလို့အပြီးကျမှပဲ လုယွင်ယွမ်နှင့် ကွမ်ကျင်ကို မျက်လုံးပြူးကြီးနှင့် တအံ့တသြ စိုက်ကြည့်လို့ မိသွားသည်။ “အား… ငါတော့ ဘာမေ့ကျန်ခဲ့ပြန်ပလဲ မသိဘူး ဟာ ဟာ့ .. အဲ ဆက်လုပ်ကြနော်။ သား..ဘာမှ မမြင်လိုက်ဘူးရယ်…. ” သူ အမြန်တံခါးပြန်ပိတ်ကာ သူ့ကိုယ်သူပဲ အပြင်မှာ ပိတ်ထားလိုက်တော့သည်။

အဲဒိကျတော့မှပဲ လုယွင်ယွမ်က သူ့ကိုယ် အောက်ပိုင်းကို ရေချိုးတဘက်လေး တစ်ခုနှင့် ဖုံးကွယ်ထားတာက လွဲပြီး ဘာမှ ဝတ်မထားတာ ကွမ်ကျင် သတိထားမိသွားတော့သည်။ နှစ်ယောက်လုံးက အပြင်ကို ခေါင်းတွေ ထုတ်ပြီး ကြည့်နေကြတာဆိုတော့ နှစ်ယောက်သား အလွန်နီးကပ်ပြီးတော့ သူတို့ကို ဘယ်လိုပဲ ကြည့်ကြည့် ကွမ်ကျင်က ကိုယ်တစ်ပိုင်း ဝတ်လစ်စလစ် ဖြစ်နေသူကြီးနှင့် ပွတ်သီးပွတ်သပ် ကပ်ရပ်နေသလို ထင်နေရတာမို့ ကွမ်ကျင်က မျောက်မီးခဲ တက်နင်းမိသလို ခုန်ထွက်ကာ လုယွင်ယွမ်ကို ခပ်ကြမ်းကြမ်း စိုက်ကြည့်ပြီး တံခါးကို ဝုန်းခနဲ ဆွဲဖွင့်လိုက်သည်။

တံခါးကလူကတော့ နံရံကို နားကပ်ကာ အထဲက အသံတွေကို ခိုးနားထောင်နေသည်။

“ခင်ဗျားက ကျွန်တော့် ခဲအိုပဲ ဖြစ်ရမယ်။ မင်္ဂလာပါနော်။ ဒီမျာ ရှိနေမှန်း မသိလိုက်တော့လေ ခုဏကအတွက် အနူးအညွတ်တောင်းပန်ပါတယ်” ထိုသူက ကွမ်ကျင့်ကို ယဉ်ယဉ်ကျေးကျေး ခေါင်းညိမ့်ပြသည်မှာများ အခုလေးတင် ခိုးနားထောင်နေသူ မဟုတ်သလိုလိုနှင့်။ သူက ချက်ချင်းကို လုယွင်ယွမ်ဆီ ပြေးသွားကာ “ကျွတ်ကျွတ် ယွမ်ယွမ် …. မတွေ့လိုက်တာ ရက်လေး နည်းနည်းပဲ ရှိသေးတယ်။ ဘော်ဒီက တော်တော်တိုးတက်လာတာပဲ။ ကုမ္ပဏီမှာ အချိန်ပိုင်းအလုပ်လေး ဘာလေး လာလုပ်ဖို့ စိတ်မဝင်စားဘူးလား။ ကာဗာမျက်နှာဖုံးရှင် ဖြစ်ရမယ်လို့ ကတိပေးမယ်လေ”

လုယွင်ယွမ်က ခပ်ဖျော့ဖျော့ ပြုံးကာ “ငါကလဲ မင်းကို ကာဗာမျက်နှာဖုံးတင်ပေးလို့ ရတယ်နော်။ နာမည်ကျော် နိုင်ငံတကာ မော်ဒယ်အေးဂျင့် နှင့် ဒီဇိုင်နာကြီးကို ကမ်းခြေတွင် ဝတ်လစ်စလစ်အဖြစ် တံငါသယ်များက ရှာတွေ့ခြင်း ဆိုပြီးတော့လေ။ ဘယ်လိုလဲ ခေါင်းစီးလေးက မိုက်တယ်ဟုတ်”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now