အခန်း ၉၆

1.7K 337 8
                                    

Chapter 96 အခန်း ၉၆ စတူဒီယိုမှ အထိတ်တလန့် (၆)

“ယန်ချင်ကတော့ ပုံမှန်မဟုတ်တဲ့ဟာတစ်ခုခု ဖြစ်သွားတာမျိုး ပြန်စဉ်းစားလို့ မရဘူးတဲ့။ အခုတလောလဲ ဘယ်သူနဲ့မှ အခန့်မသင့်မိတာမျိုးလဲ မမှတ်မိဘူး ပြောနေတယ်။ အဲဒိ နှင်းဆီပန်း ကိစ္စကြီးကရော စနောက်တာမျိုး ဖြစ်နိုင်လား” ကျန်းထျန်း ရုပ်ရှင်စတူဒီယိုထဲကနေ ထွက်လာတုန်းမှာ ကွမ်ကျင် က သူစဉ်းစားရသမျှကို လုယွင်ယွမ်ကို မေးနေသည်။

“အဲလိုပဲ မျှော်လင့်ရတာပဲ” လုယွင်ယွမ်က ပြန်ဖြေသည်။ တံခါးပေါက်ဝနားမှာ နာမည်သိပ်မကြီးသည့် မင်းသမီးတစ်ယောက်က သူ့ကို ကြာပစ်သွားသည်။

“အာ့၊ ကျန်းထျန်းမှာ ခပ်ချောချောတွေမှ အများကြီးကို ဘာလို့ ခင်ဗျားကျမှ လာနာမည်ကြီးနေတာလဲ” သူတို့ နားကနေ ဖြတ်လျှောက်သွားတဲ့ အရပ်ရှည်ရှည် ပိန်သွယ်သွယ်အမျိုးသမီးကို မကြည့်သလို စောင်းငန်းငန်း ကြည့်ပြီး စကားစ က ထိုးလိုက်သေးသည်။

လုယွင်ယွမ်က ပြုံးဖြီးကာ “ဒီလို မင်းသမီးတွေအတွေက မင်းသားတွေ ဘယ်လောက်ပဲ ချောချော ငွေကောင်းကောင်း ဝင်တာမှ မဟုတ်တာ”

ကွမ်ကျင်က သူ့ကို စိုက်ကြည့်ကာ သဘောပေါက်သွားပုံ ရသည်။ “ဒီတော့ သူတို့က ခင်ဗှားက ကုမ္မဏီက ရာထူးကြီးကြီးလို့ ထင်လို့ ထမင်းစားလက်မှတ် လိုချင်တဲ့ သဘောပေါ့”

“ရောက်တာ နောက်ကျသွားတာတော့ ဘယ်တတ်နိုင်ပါ့မလဲ။ ဒီထမင်းစားလက်မှတ်ကြီးက တသက်တာ ရောင်းထွက်သွားပြီ။ ပြန်အမ်းလို့ မရတော့ဘူး” လုယွင်ယွမ်က ချက်ချင်းကို ခပ်တည်တည် ဖြစ်သွားသည်။

ကွမ်ကျင်က တုန့်ခနဲ ရပ်ကာ သူ့ကို သုံးစက္ကန့်လောက် စိုက်ကြည့်ပြီးမှ ရုတ်တရတ် ထမေးလိုက်သည်။ “ခင်ဗျားမှာ ပိုက်ဆံ ဘယ်လောက်တောင် ရှိတာလဲ”

“မင်းလေး ဒီတစ်သက်တင်မကဘူး နောက် လေးငါး ဆယ်သက်လောက်အထိ ဝဝလင်လင် စားသောက် စိတ်တိုင်းကျ သုံးဖို့လောက်တော့ လောက်ပါသေးတယ်”

ကွမ်ကျင့် အမူအယာက တွေတွေကြီး ဖြစ်သွားသည်။

လုယွင်ယွမ်က သူ့ကိုယ်သူ အပြစ်တွေ စွတ်တင်မိတော့သည်။  ဒါနဲ့ လက်ထိုးလို့ ရတာလား? ဒီလိုမှန်းသိရင် အစောထဲက သူ့ဘဏ်စာအုပ်တွေ အပ်ပလိုက်မှာပေါ့

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now