အခန်း ၂၈

3.1K 641 3
                                    

Chapter 28အခန်း ၂၈ နတ်မိမယ်လေးများ သေဆုံးခြင်း ၈

ကွမ်ကျင် ရဲစခန်းသို့ ရောက်ချိန်တွင် စစ်ဆေးမေးမြန်းရန် အဖိတ်ကြားခံရသော ဒေါက်တာဝမ်နှင့် တိုးလေသည်။ သူကတော့ စိတ်မရှည်လက်မရှည် သဘောမျိုးနှင့် မော့ကြည့်ကာ “ခင်ဗျားတို့ ဘာတွေ မေးချင်တာလဲ။ ကျွန်တော်က ကိုယ့်အလုပ်နဲ့ ကိုယ်တောင် အရမ်း အလုပ်များနေတာ။ ဒီဟာတွေ ဆေးရုံမှာ မေးလို့ မရဘူးလား”

“သူ့ကို ကြည့်ရတာ ပြစ်မှုကျူးလွန်တဲ့ သူနဲ့ တူတယ်လို့ ထင်လား” ကျန်းဖေးက လုယွင်ယွမ်ကို မေးလိုက်သည်။

“ရုပ်ရည်သွင်ပြင်ကို ကြည့်ပြီးတော့ ပြောနိုင်တဲ့ အကြားအမြင်ဆရာမှ မဟုတ်တာကို”

“…..”

ချန်ချောင်ယွီကတော့ လိုချင်သည့်အချက်ကို တန်းရောက်အောင် မေးလိုက်သည်။

“ရှင် တုရှောင်ရွယ်ကို သိလား”

“ဘယ်သူ.” ဝမ်ပင်း ကြောင်တက်သွားသည်။

“တုရှောင်ရွယ်၊ ဖန်ရှင်းဆေးခန်းက သူနာပြုလေ။ အဲဒိဆေးခန်းက ရှင် အိမ်ပြန်တဲ့ လမ်းပေါ်မှာပဲ ဆိုတော့ကာ .. ရှင်မသိဘူးလို့တော့ မပြောနဲ့”

“အဲဒိဆေးခန်းတော့ သိတာပေါ့ဗျ၊ ဒါပေမယ့် အဲဒိမှာ ဘယ်သူနာပြုတွေ အလုပ်လုပ်နေလဲ ဆိုတာတော့ ဘယ်လိုလုပ် သိမှာလဲ ”

“ဒေါက်တာဝမ်..ကျွန်မတို့ အနေနဲ့ ရှင့်ကို ဒီကို ဖိတ်ရတာက အချို့ကိစ္စလေးတွေ ပြောပြခြင်းဖြင့် ကျွန်မတို့ရဲ့ စုံစမ်းမှုတွေကို အထောက်အကူ ရအောင်လို့နော်။ ရှင် အမှန်ကို ဖုံးကွယ်ပြီးတော့ ကျွန်မတို့ စုံစမ်းမှုတွေကို နှေးအောင် လုပ်င်တော့ နောက်တစ်ခါဆိုရင် ဘေးအခန်း စစ်မေးတဲ့ အခန်းထဲမှာ စကားပြောရတာ ဖြစ်သွားမယ်”

“ကျွန်တော်က လူသတ်မှုတို့၊ မီးကွင်းပစ်တာတို့ အခွန်ရှောင်တာတို့ ကျူးလွန်တာလဲမဟုတ်ဘူး။ ခင်ဗျားပြောတဲ့ အမှန်ကို ထိန်ချန်တာအတွက်က၊ ကျွန်တော်လဲ ခင်ဗျားတို့ အခုလက်ရှိ စုံစမ်းနေတာ သိတယ်လေ၊ ဒါပေမယ့် အဲဒါနဲ့ ဘာမှ ပါတ်သတ်နေတာမှ မဟုတ်တာ၊ ကျွန်တော် ပြောတာတွေကလဲ အခုအမှုမှာ သက်ရောက်မှုမှ မရှိတာကို ဒီလိုတော့ မခြိမ်းခြောက်ပါနဲ့ ” ဝမ်ပင်း ကတော့ ကြောက်တဲ့ပုံ လုံးလုံး မပေါ်ပါပေ။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now