အခန်း ၉၉ စတူဒီယိုမှ ထိတ်လန့်ဖွယ် ၉

1.6K 352 17
                                    

Chapter 99 အခန်း ၉၉ စတူဒီယိုမှ အထိတ်တလန့် (၉)

ကွမ်ကျင်၏ အစီရင်ခံတာကို ကြားပြီးသည့် နောက်တွင် ဝမ်ကျင်းဟန် အားလုံးကို စုစည်းကာ အစည်းအဝေး အသေးစားလေး တစ်ခု ထပ်မံ လုပ်တော့သည်။

“အားလုံးစုံစမ်းထားတာတွေ စုလိုက်ရင်၊ ဒီ လူသတ်မှုနှစ်ခုထဲမှာက  အလီဘိုင်ရှိကြတဲ့ သူတွေ အကုန်လုံးက အလုပ်ထဲမှာ အဆက်အစပ်ရှိကြတဲ့ လူတွေချည်းပဲ။ ဒါပေမယ့် ဘယ်သူကမှတော့ ကော်ဇီကျန့်နဲ့ ကျောင်းချီကို အလုပ်ပြင်ပမှာ ဆက်ဆံဖူးကြတာပဲ ဖြစ်ဖြစ် သူတို့နဲက ကိစ္စကြီးငယ် ထိတွေ့ပုံတွေ ဘာတွေ ရှိပုံ မရဘူး။ အခုလောလောဆယ်မှာတော့ ဒီအသတ်ခံရတဲ့ သူနှစ်ယောက်ကြားက ဘုံအချက်ကို မတွေ့သေးဘူး။ သူတို့ အသတ်ခံရတာကလဲ သေချာပေါက် ကြိုတင်ပြင်ဆင်ထားတာပဲ ဖြစ်ကို ဖြစ်ရမယ်ဆိုတော့ သူတို့ကို ရွေးရတဲ့ အချက်တော့ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ။ ငါတို့လဲ ဘာမှကို ဆက်စပ်မှု ရှာမတွေ့သေးဘူးဆိုတော့ ငါတို့ လုပ်လို့ ရတဲ့ တစ်ခုတည်းသော အရာက ဖြစ်စဉ်တွေကို စနစ်တကျ ပြန်ကြည့်ဖို့ပဲ ရှိတယ် ” ဝမ်ကျင်းဟန်က ပြောနေတာကို ရပ်လိုက်သည်။

တင်တင်က ပရိုဂျက်တာကို ဖွင့်လိုက်ကာ “ကျောင်းချီသေတာက အပြစ်စိတ် ရဲ့ ဇာက်ညွှန်းထဲက သေနည်းတစ်ခုအတိုင်း သေသွားတာ။ ကော်ဇီကျန့်သေတာကလဲ သဘာဝလွန်အမှောင်ခန်းထဲက ဇာတ်ကွက်တစ်ခုအတိုင်း ကွက်တိသေသွားတာပဲ။ လူသတ်သမားက ဘာ့ကြောင့်နို့ ဒီလိုမျိုး တိတိကျကျ လုပ်ရသလဲဆိုတဲ့ အကြောင်းပြချက် တစ်ခုခုတော့ ရှိရမယ်”

“ဆိုတော့ ဒီလူသတ်သမားက သဲထိတ်ရင်ဖိုကားတွေ အကြည့်များပြီး စိတ္တဇဆန်ဆန် သူ့ကိုယ်သူ ရုပ်ရှင်ထဲကလို ခံစားပြီးတော့ သတ်ချင်သလို လူတွေလိုက်သတ်နေတာလား ဒါမှမဟုတ် M.O (လူသတ်သမားရဲ့ အမူအကျင့်) မှ  သူရဲ့တကယ့်ရည်ရွယ်ချက်ကို ဖုံးကွယ်ချင်လို့ လမ်းလွှဲနေတာလား ဆိုတာပဲ” ချန်ချောင်ယွီက ခပ်မြူးမြူး ဝင်ပြောသည်။

“ပန်းနဲ့ ခြောက်လှန့်တဲ့ ကိစ္စလဲ ရှိသေးတယ်။ ယန်ချင်နဲ့ကော ဘာတွေ ဆိုင်နေသေးတာလဲ” ကူရှန်းက မေးလိုက်သည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now