အခန်း ၈၅

1.8K 373 1
                                    

Chapter 85 အခန်း ၈၅ ထိတ်ထိတ်လန့်လန့် အပျော်ခရီး ၁၉

ကန်တာဘာရီ မြို့စားကြီး၏ အမူအယာမှာ အေးစက်လှသည်။ “အချိန်တွေ အရမ်းပိုနေလို့ မနက်လေးနာရီကြီး စကားလာပြောတာလား”

“ မနက်လေးနာရီဆိုရင် မြို့စားလဲ လုပ်ချင်တာ လုပ်ပြီးပြီ နိုးလဲနိုးနေဦးမှာပဲလို့ပဲ တွေးလိုက်တာ” တစ်ဖက်လူ၏ ပိတ်ထားသည့် အိပ်ခန်းတံခါးကို လမ်းကြည့်ပြသည်။

“ဒီလို အချိန်ကြီးလာပြီးတော့ င့ါစိတ်ပြောင်းသွားအောင် နားချနိုင်မယ်လို့ တကယ်ကြီး ယုံကြည်ချက်တွေ သိပ်မြင့်နေတယ်ပေါ့” မြို့စား၏ မျက်လုံးများက မှေးကျဉ်းသွားသည်။

တစ်ဖက်သူက ပြုံးကာ “မြို့စားကြီးက ဆုံးဖြတ်ချက်တွေဆို ကိုယ့်ဘာသာကိုယ်ပဲ ချနေတာ ဘယ်တော့မှ နားအချမခံပါဘူး ဟုတ်တယ်မလား? ကျွန်တော် ဒီကို လာရတာက မြို့စားကြီးရဲ့ ဆုံးဖြတ်ချက်မှာ ကိုးကားသုံးစရာ များများစားစားရအောင် လာချပြရုံပါပဲ”

“မင်းကို သတ်ဖို့ ဆုံးဖြတ်ထားပြီးသား ဆိုောတ့ ဘယ်အချိန်က ပိုသင့်တော်သလဲ ဆိုတာလေးရော မပေးနိုင်ဘူးလား”

“ပေးဖူးပါတယ်။ ဒါပေမယ့် မြို့စားကြီး ရှာထားတဲ့သူက သိပ်မှ အားမကိုးရတာ။ ကျွန်တော် နယူးယော့မှ ရှိနေတုန်းကတောင် ကြေးစားအဖွဲ့က သူတို့ပိုက်နက်ထဲမှာ ရောက်နေတဲ့ ကျွန်တော့ကိုတောင် မသတ်နိုင်တာ။ အခြားသူရဲ့နယ်ထဲမှာ လှုပ်ရှားဖို့ လုပ်တာက ပိုပြီး တုံးအမနေဘူးလား။ ဒီလောက် ပိုက်ဆံတွေ အများကြီး ပေးထားရကို စိတ်မကုန်သွားဘူးလား။ အဲဒိပိုက်ဆံတွေကို ဂေါ့ဒ် တွေကို ပေးထားတာကမှ ကောင်းဦးမယ်။ ကျွန်တော်က မျှမျှတတ ဖြစ်အောင် လုပ်ပေးမှာပေါ့”

မြို့စား၏ မျက်လုံးစိမ်းစိမ်းများက တဖျတ်ဖျတ်လတ်နေကာ “ကိုယ့်ကိုကိုယ် သေကြောင်းကြံတော့ မလို့လား”

“ကျွန်တော့ကို သေစေချင်တဲ့ တစ်ခုတည်းသော အကြောင်းပြချက်က ဂေါ့ဒ်တွေက မြို့စားရဲ့ ပုဂ္ဂိုလ်ရေးကို စပ်စုချင် မဟုတ်သေးဘူး … သိပြီးသွားလို့ မဟုတ်လား၊ ကျွန်တော်တို့ အလုပ်က အချက်အလက်တွေ စုဖို့ပဲ။ လျို့ဝှက်ချက် များလေလေ ပိုတန်ဖိုးရှိလေလေပဲ။ မြို့စားကြီးကလဲ အနှောင့်အယှက်ပေးတာ မကြိုက်ဘူး ကျွန်တော်တို့ကလဲ ငွေပေးချေတာ လိုချင်နေတာ ဆိုတော့ ဘာလို့ ကြားကခံနေတဲ့ အဆင့်တွေကို ဖြုတ်ချပြီးတော့ တိုက်ရိုက်အလုပ်မလုပ်လိုက်တာလဲ” တစ်ဖက်သူက သူတို့ပေးတဲ့ အကြံပြုချက်အပေါ်တွင် အရမ်းတွေ ပျော်ရွှင်နေသည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now