အခန်း ၅၀ ကျောင်းတွင်းသံသယ ၁၂

2.5K 596 17
                                    

Chapter 50 အခန်း ၅၀ ကျောင်းတွင်းသံသယ ၁၂

“လုယွင်ယွမ် ခင်ဗျား သောက်ရေးမပါတာ လာလုပ်ရဲတယ်ပေါ့” ကွမ်ကျင့် မျက်လုံးက ဒေါသမီးရောင် တဝင်းဝင်းနှင့် သူ့ပါးစပ်သူ အကြမ်းပတမ်း ဒေါသတကြီး သုတ်ပြီး ထရပ်လိုက်သည်။ 

လုယွင်ယွမ်ကတော့ သူ့အမူအယာကို သိသိသာသာကို သဘောမတွေ့သွားပုံရကာ မတတ်သာသလို ခေါင်းခါရင်း “ရှောင်ကျင်၊ မင်းလေးကတော့ တကယ့်ကို ကိုယ့်အသဲကို ခွဲပစ်တာပဲ။ ကိုယ်က ဘယ်တုန်းကမှ ဒီလောက် နှစ်နှစ်ကာကာ မဖြစ်ဖူးဘူး”

“နှစ်နှစ်ကာကာ?”

“ဘယ်က ဘယ်လို ဖြစ်သွားလဲတော့ မသိဘူး။ ကိုယ်ကတော့ ဖြစ်လာတဲ့ အကျိုးဆက်ကို ပျော်ပျော်ကြီး လက်ခံမှာပဲ။ ဒီလောက် စောစောစီးစီး အချစ်နွံထဲ နစ်သွားမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ပေမယ့် တဖက်လူက မင်းဆိုတော့ အကျေနပ်ဆုံးပဲ”

ဒါက မန်ဒရင်းစကားက နားလည်ရ အခက်ဆုံးလို့ ကွမ်ကျင် ခံစားမိတဲ့ ပထမဆုံးအကြိမ် ဖြစ်သွားကာ သူ့မှာ ပိုလို့တောင် ကကျိကကျိ ဖြစ်သွားသည်။ “ကွေ့ဝိုက်ပြောနေတာတွေ ရပ်ပလိုက်စမ်းပါ”

“ကိုယ် မင်းကို သဘောကျတယ်။ ပြီးတော့ အခုလက်ရှိမှာကိုပဲ ပြောနေတာက ကိုယ့်ရဲ့ ခံစားချက်တွေကို လက်ခံပေးပါလို့ နှစ်နှစ်ကာကာနဲ့ အတည်မေးနေတာ”

ဟမ်!!!!!! သတ်ဖြတ်ချင်နေသော အနေအထားကြီးကနေ နူးညံ့ညင်သာမှုတွေ ဖိတ်လျှံကျနေသေ အဖြစ်ကို ပြောင်းသွားကာ ကွမ်ကျင်ကတော့ ဘယ်လို တုန့်ပြန်ရမလဲတောင် မသိတော့။

လုယွင်ယွမ်က ရွတ်နောက်နောက်လေသံကို ဖယ်ကာ အတည်ထပ်ပြောလေသည်။ “ကွမ်ကျင်၊ မင်းအပေါ်ထားတဲ့ ကိုယ့်ခံစားချက်တွေ မင်းလုံးဝ သတိမထားမိဘူးလား”

“ဟင့်အင်း” ကွမ်ကျင်က မျက်လုံး ပေကလက် ပေကလက် ဖြစ်နေသည်။

“မင်းက အခြားသူတွေထက် ကိုယ့်နဲ့ ပိုနဲ့ ပိုရင်းနှီးတယ်၊ ကိုယ်ကျွေးတာ စားရတာ မင်းသဘောကျတယ်၊ ကိုယ်ကိုလဲ စကားတွေ ပြောတယ် ပြီးတော့ ကိုယ်တို့က…တစ်အိမ်ယာထဲတောင် အိပ်ဖူးတာပဲ”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now