အခန်း ၁၂၄ Still Waters and Bitter Cold ၁၇

868 135 5
                                    

အခန်း ၁၂၄ Still Waters and Bitter Cold ၁၇

"အမှန်ပဲ ငါတကယ်မေ့သွားတာ။ မင်း သိချင်တဲ့ ကိစ္စတစ်ခုကို ဖုံးထားဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ" ကျောင်းရှုက သက်ပြင်းချပြီး "ငါလဲ သူ င့ါကို ဆက်သွယ်လာမယ်လို့မှ မထင်ထားတာ။ လူလုံးထွက်မပြပေမယ့် လူလွှတ်ပြီး ပစ္စည်းကောင်းလေးတွေနဲ့ သောက်စရာလေး ဘာလေး ပို့လိုက်တာပဲ ရှိတာ"

ဝမ်ကျင်းဟန်က ခေါင်းတဆတ်ဆတ် ညိမ့်ကာ "မျက်နှာ လာမပြရဲတာ နေမှာပေါ့။ လီလုံကလဲ တော်တော် တလွဲဆံပင်ကောင်းတာပဲ အခုထိတောင် မင်းကို လွမ်းနေသေးတယ်"

ကျောင်းရှု က မေးရမလား မမေးရမလား ချိန်နေပေမယ့် မနေနိုင်တော့ပဲ မေးလိုက်မိသေးသည် "သူတို့ အမှုက ဘာသတင်းမှု မကြားတာ နှစ်တွေပဲ ချီနေပြီ။ ဘာလို့ ထပ်ပြီး ပေါ်လာတာလဲ? မင်း ဖမ်းချင်နေတုန်းလား..."

"ဘာလဲ စိတ်မကောင်း ဖြစ်နေတာလား" ဝမ်ကျင်းဟန် က စလိုက်သည်။

ကျောင်းရှုက မချိပြုံး ပြုံးကာ "ကြိုက်တယ်တို့ ဘာတို့ လောက် အထိတော့ မဟုတ်ပေမယ့် နောက်ဆုံးအထိတော့ သူက င့ါအပေါ် ကောင်းပေးခဲ့တာပဲ"

ဝမ်ကျင်းဟန်က ရေနွေးခွက်ကို ချကာ ဝမ်းနည်းရိပ်သန်းပေမယ့် "အော့၊ ငါတို့တွေလဲ ဒီအထိ အတူတူ ကျော်ဖြတ်ခဲ့ ကြတာပဲ ဆိုတော့ မင်းကို သတင်းလေး နည်းနည်းတော့ ပြောပြပါ့မယ်လေ။ ငါ အခု ကိစ္စကြီး တစ်ခု ကိုင်နေတာ။ အဲဒိမှာ အိုးချန်က သူ့လက်ကျန်အင်အားနဲ့ အဲဒိအဖွဲ့ထဲမှာ ပါနေတယ်။ ဒါပေမယ့် ငါ့ရဲ့ နောက်ဆုံး ပန်းတိုင်က သူမဟုတ်ဘူး။ သူတို့ကသာ ငါတို့ နိုင်ငံကနေ အချိန်မှီ ပြန်ထွက်သွားရင် ငါ ဘာမှ လုပ်လို့ မရဘူး။ ငါ ဘာပြောချင်တာလဲ ဆိုတာ မင်းနားလည်တယ်မလား"

ကျောင်းရှုက ခေါင်းညိမ့်ပြသည် "ငါ သတိပေးလိုက်မယ်"

"အား၊ ငါတောင် သောက်ရမ်းတွေ အကျင့်ပျက်နေပြီ။ သစ္စာဖောက်တောင် ဖြစ်နေတာပဲ" ဝမ်ကျင်းဟန်က ခေါင်းခါယမ်းကာ လေကြီးလေကျယ်တွေ ပြောဖို့ အရှိန်စယူနေပြီ "ရဲတစ်ယောက်ရဲ့ တာဝန်ကို ပျက်တယ်။ လူတွေကို ကယ်ပေးရမယ့် ငါ့တာဝန်တွေ မကျေပါ ပြီးတော့...."

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now