အခန်း ၁၂၁ Still Waters and Bitter Cold ၁၄

726 119 0
                                    

အခန်း ၁၂၁ Still Waters and Bitter Cold ၁၄

ဝမ်ကျင်းဟန် မျက်လုံးတွေ နောက်တစ်ကြိမ် ပြန်ဖွင့်သည့် အချိန်တွင် သူက ကာလပေါ်ဒေသ ကိုတောင် ပြန်ရောက်နေပြီ။

"အိပ်ပျော်သွားတာ ဘယ်လောက် ကြာသွားလဲ" သူ့အသံက အက်တက်တက် ဖြစ်နေသည်။

ကုတင်ဘေးတွင် ထိုင်နေသည့် မြို့စားကြီးက သူ့ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီး ခပ်တည်တည်နှင့် "တစ်ရက်နဲ့ တစ်ည။ မင်းဒါဏ်ရာက ပိုးဝင်သွားပြီးတော့ အပူတွေ ကြီးလာတာ။ ဆေးရုံကို ဟယ်လီကော်ပတာနဲ့ ခေါ်လာပြီးမှ မင်းဒါဏ်ရာက တအားပျံ့သွားမှန်းသိတယ်။ မင်း ခြေသလုံး တွေလဲ အသားတွေ ပုတ်ကုန်လို့ ထပ်ထားလို့ မရဘူး ဖြတ်ပစ်ရတော့မှာ "

"မြို့စားကြီးရေ၊ လူနာရဲ့ နှလုံးသားနုနုကို နည်းနည်းလေးတော့ သနားပါဦးလား? ဒီမြှောက်တက်လာတဲ့ ခြေထောက်ကြီးက အတုကြီးလို့ ပြောချင်တာလား "

"အဖျားကြီးပြီး ခေါင်းမပျက်သွားတာ တော်သေးတာပေါ့"

"ခင်ဗျားကြီး ခေါင်းပဲ ပျက်နေတာ"

"အဲဒိကို သွားပြန်ပစ်တာ ခံချင်လို့လား"

"အား၊ ခြေထောက် နာလိုက်တာ။ ဆရာဝန် ခေါ်ပေးပါ မြန်မြန်လေး"

"......"

"ဗိုက်ဆာသေးတယ်" ဝမ်ကျင်းဟန်က ဆေးရုံကုတင်ပေါ်တွင် ထိုင်လျက်နှင့် လက်ထဲက ပန်းကန်အလွတ်ကို ပြလိုက်သည်။

"မင် ဘာလေ့ကျင့်ခန်းမှ လုပ်တာမှ မဟုတ်တာ။ အများကြီးစားလို့မရဘူး"

"ခင်ဗျား ဒေဝါလီတော့မခံလိုက်ရပါဘူးနော် မခံရဘူးမလား? ကိုယ့်ချစ်သူကို ကောင်းကောင်းလေးတောင် မထားနိုင်လောက်အောင် ဆင်းရဲသွားလို့လား"

"ချစ်သူလား?" မြို့စားက ချက်ချင်းအနားကပ်လာပြီး ကုတင်ခေါင်းရင်းကို လက်နှစ်ဖက်လုံး တင်လိုက်ကာ ဝမ်ကျင်းဟန်ကို ချုပ်ထားကာ "မင်း နေရာတော့ မင်း မှတ်မိသေးတယ်ပေါ့"

ပါးပြင်ကို အသက်ရှူငွေ့ပြင်းပြင်း ရိုက်ခတ်တာနှင့်တင် ဝမ်ကျင်းဟန် နောက်ကို တွန့်ဝင်သွားသည်။ သွားပြီ။ မြို့စားကြီး ၏ အကြည့်ထဲမှာ သူအကြောက်ဆုံးအရာကို မြင်လိုက်ရသည်။ ရမ္မက်တွေ....

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now