အခန်း ၁၁၂

1K 182 0
                                    

အခန်း ၁၁၂ Still Waters and Bitter Cold 5

ကွမ်ကျင်နှင့် လုယွင်ယွမ် အတူတူ အမှတ်သုံးဆေးရုံဆီသို့ နောက်တစ်ကြိမ် ထပ်မံ ဦးတည်ကြပြန်သည်။

"ဆေးရုံက ပြန်လာပြီးရင်တော့ မီးနင်းတာတို့ ကျွဲကောရွက်နဲ့ ရေချိုးခေါင်းလျှော်တို့ လုပ်မှပဲ" ကွမ်ကျင်က သူ စာအုပ် တစ်အုပ်ထဲမှာ ဖတ်ဖူးသည့် ဓလေ့ထုံးတမ်းတွေကို ပြန်အမှတ်ရသွားသည်။ (ကံကောင်းပါတယ်တဲ့)

ကားမောင်းနေသည့် လုယွင်ယွမ်ကတော့ သူ့ကို ဖျတ်ခနဲ လှမ်းကြည့်ကာ "ဘာလို့လဲ"

"မေးစရာ လိုသေးလို့လား။ ဆေးရုံကို သွားလိုက်တိုင်း တစ်ခု မဟုတ် တစ်ခု ဖြစ်တယ်လေ။ အိမ်ပြန်ပြီးတော့ ကံမကောင်းတာတွေ ဖယ်ချတာမျိုး လုပ်ရမှာပေါ့"

"အဲလိုတော့လဲ ဟုတ်သား။ ကျွဲကောရွက်နဲ့ ခေါင်းလျှော်တာတော့ ထောက်ခံတယ်"

"ဘာလို့လဲ" ဒီတစ်ခါတော့ ပြန်မေးတာက ကွမ်ကျင့် အလှည့် ပြန်ဖြစ်သွားသည်။ ဟုတ်တယ်လေ ကျွဲကောရွက်က ရှာရတာ လွယ်တာကျလို့။

"မီးပုံက safe မဖြစ်ဘူးလေ အိမ်မှာ မီးခိုးတွေ မွှန်ကုန်မှာပေါ့" လုယွင်ယွမ်ကလည်း အတည်ပေါက်ကြီး ပြောသည်။ ကွမ်ကျင့်ကို ကျွဲကောရွက်နဲ့ ရေချိုးစေချင်တဲ့ စကားကို တစ်လုံးမှကို မဟ။

ကွမ်ကျင်ကတော့ မနည်းထိန်းကာ ကော့တက်ချင်နေသည့် နှုတ်ခမ်းတစ်စုံကို မသင်္ကကာသလို ကြည့်ကာ "ခင်ဗျား ဘာတွေ ပေါက်ကရ တွေးနေတာလဲ"

"ဘာမှ မတွေးပါဘူး။ ဘယ်နားမှာ ကျွဲကောရွက် ဝယ်ရမလဲလို့ တွေးနေတာ" မင်းကို ရေကူချိုးပေဖို့ ဘယ်လို ပြောရမလဲ ဆိုတာလဲ ပါတော့ ပါတာပေါ့။

XXXXXXXXXXXXXXX

"ဘာလို့ မှိုင်တိုင်တိုင် ဖြစ်နေတာလဲ" အိုးချန် အခန်းထဲ ဝင်လိုက်ချိန်မှာ သူမြင်လိုက်ရတာက ပြတင်းပေါက်နားထိုင်ကာ မရွှင်မပျ အမူအယာ ဖြစ်နေသည့် ဝမ်ကျင်းဟန် ဖြစ်နေသည်။

ဝမ်ကျင်းဟန်က လန့်နိုးသွားသလိုမျိုး ဆတ်ခနဲ ဖြစ်ပြီး နောက်ကို ကျုံခနဲတော့ ဖြစ်သွားကာ "ဘာမှ မဖြစ်ပါဘူး ..... ဘာလုပ်ရမလဲ မသိဘူး ဖြစ်နေလို့"

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now