အခန်း ၅၅ ကျောင်းတွင်းသံသယ ၁၇

2.5K 552 18
                                    

Chapter 55 အခန်း ၅၅ ကျောင်းတွင်းသံသယ ၁၇

“ကဲ..ကဲ . ငါတို့ လက်ထဲက လူသတ်သမားကို ညွှန်သမျှ သဲလွန်စတွေ အကုန်လုံး စကြမယ်” ဝမ်ကျင်းဟန်က ဝှိုက်ဘုတ် မာကာကို သုံးကာ ဝှိုက်ဘုတ်ကြီး ပေါ်တွင် မှတ်မိသမျှကို စတင် ရေးဆွဲလိုက်သည်။

“အရင်ဆုံး ချောင်ယွီက တန်ဇီယူ ကို မေးတော့ သူတို့ အကုန်လုံးကတော့ အဖွဲ့ထဲ ဝင်တဲ့အချိန်မှာ သူတို့ အဖွဲ့ထဲ ဝင်ရတဲ့ အကြောင်းပြချက်ကို ပြောရတယ်လို့ ပြောပြသွားတယ်။ ဝမ်ထျန်းဖုန်က သူက အမြဲတမ်း အင်းစက်တွေကို အရမ်းကြောက်တော့ သူ့သတ္တိကို မွေးမြူချင်တာ။ လီချောင်းကကျတော့ သူက အလုံပိတ်နေရတာတွေနဲ့ အမှောင်ကို ကြောက်တယ်လို့ ပြောပြီးတာ့ သူလဲ သူ့သတ္တိကို မွေးမြူချင်တာပဲ။ ချုံကျောင်ကျောင်ကတော့ သူက သူရဲတွေရော သိပ္ပံပညာရပ်ကိုပါ ယုံတယ်လို့ ပြောသွားတယ်။ ကျန်တဲ့သူတွေကတော့ သူတို့က ဒီကလပ်ကို စိတ်ဝင်စားလို့ လို့ ပြောသွားတယ်။ လူသတ်သမားက အသတ်ခံရတဲ့သူတွေရဲ့ ထူးခြားချက် အားနည်းချက်တွေကို သောက်ရမ်းရင်းနှီးနေတာဆိုတော့ သူက ဒီကလပ်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဒါမှမဟုတ် အဖွဲ့ဝင်တစ်ယောက်နဲ့ အရမ်းရင်းနှီးတဲ့သူပဲ ဖြစ်ရမယ်

ဒုတိယအချက်က လူသတ်သမားက ဓါတ်ခွဲဆောင်ထဲမှာ လူသတ်ဖို့အတွက်ကို မတော်တဆ ဖြစ်ရပ်မျိုးကို သုံးတယ် အဲဒိအဓိပ္ပါယ်က သူက ကောင်းယွမ် အတွက် လက်စားချေပေးတာပဲ။ အဲဒိတော့ သူက အဲဒိညက အဖြစ်အပျက်ရော ဘယ်သူက ဘာလုပ်တယ် ဆိုတာကိုပါ သိကို သိရမယ်။ ဒီတော့ အဲဒါကလဲ ကလပ်အဖွဲ့ဝင်ထဲက တစ်ယောက်ပဲ ဖြစ်ရမယ်

တတိယအနေနဲ့ လူသတ်သမားက ထက်မြတ်တယ်၊ ဝံ့ကြွားတယ်၊ ဇွဲကြီးတယ်၊ ပြီးတော့ အန္တရာယ်တွေနဲ့ သေခြင်းတရားကိုတောင် နှစ်သက်နေတယ်ဆိုတော့ သူက အရမ်းကိုအ န္တရာယ်ရှိတယ်

စတုတ္ထအနေနဲ့ သူက သူတို့ကိုယ် သူတို့ အပြစ်ကင်းအောင်တောင် ဖုံးကွယ်ထားနိုင်တယ် ပြီးတော့ ငါတို့တွေ စုံစမ်းစစ်ဆေးတာကိုတောင် လမ်းချော်သွားအောင် လုပ်နိုင်တယ်”

ဝမ်ကျင်းဟန်က သူပြောချင်တာတွေ ပြောပြီးသွားချိန်တွင် လုယွင်ယွမ်ကို မေးလိုက်သည်။ “ပဏာမ စိတ်ပိုင်းဆိုင်ရာ ကောက်ကြောင်း လုပ်ဖို့ကော အစီအစဉ်ရှိသေးလား”

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now