အခန်း ၈၉ ထိတ်ထိတ်လန့်လန့် အပျော်စီးခရီး ၂၃

2K 431 17
                                    

Chapter 89 အခန်း ၈၉ ထိတ်ထိတ်လန့်လန့် အပျော်ခရီး ၂၃

မျက်စိ တစ်မှိတ်အတွင်းမှာကို ကွမ်ကျင်ပြန်ရောက်နေတာ နှစ်လတောင် တိုင်သွားသည်။ နှစ်ကုန်ပိုင်းတောင်ရောက်လို့ နောက်ထပ် တစ်လစွန်းစွန်းလောက် နေလျှင် တရုတ်နှစ်သစ်ကူးတောင် ရောက်ပေတော့မည်။

ရိုးရာနှစ်ကူးနှင့် ပတ်သတ်လျှင် ကွမ်ကျင်ကတော့ တရုတ်တန်းက မီးပုံးနီနီကြီးများနှင့် နဂါးအကကိုသာလျှင် မှတ်မိပါသည်။ ပြီးတော့ သူက ရုံးပိတ်ရက်တွေဆို ခရစ်စမတ်အပါအဝင် ဘယ်ပိတ်ရက်ကိုမှ စိတ်မဝင်စားဖူးခဲ့။ အဖိုးကြီး အသက်ရှင်နေတုန်းကတော့ သူ့ကို လက်ဆောင်တွေ ပို့တတ်သည်။ နောက်ပိုင်း အဖိုးကြီး ဆုံးသွားချိန်ကျတော့ တိုနီကတော့ နှစ်တိုင်း နှစ်တိုင်း ခရစ်စမတ် သစ်ပင် တစ်ပင် တစ်ပင် သယ်လာတတ်ကာ မျိုးစုံအောင်ကို အလှဆင်တတ်သည်။ ကွမ်ကျင်ကတော့ ပြီးလျှင် ပြန်ရှင်းရသည့် အချိန်နှင့် လုပ်အားကုန်တာသာ စိတ်ထဲ ကျန်ရစ်ကာ ကျန်တာတော့ ဘယ်လိုမှ မနေပေ။

ဆောင်းတွင်းတွင်လည်း အမှုက ရှိခဲလှတာမို့ သူတို့အဖွဲ့မှာလဲ အရံအဖွဲ့ ဖြစ်သွားကာ အကူလိုသမျှ ဆီသို့ သွားကူနေရသည်။ ဝမ်ကျင်းဟန်ကတော့ ကွမ်ကျင့်ကို အရင်က အမှုတွဲတွေကို ပြန်စုစည်းစေကာ မှုခင်းအမျိုးအစားများ ခွဲခြားရာတွင် သုံးရအောင် သုတေသနလုပ်စေသည်။

ဒါနှင့်ပဲ ကွမ်ကျင်က ရုံးတက် ရုံးဆင်း လိုက်၊ စားလိုက် သောက်လိုက်၊ ခွေးကျောင်းလိုက်၊ တစ်ခါတစ်လေ တိုနီနဲ့ ဖုန်းလေး ပြောလိုက်၊ မင်ယန် ရိသဲ့သဲ့ပြောတာ ခံရလိုက်နှင့် သူ့ဘဝကြီးက ပုံသေကားချပ်ကြီးလို သဟဇာတ ဖြစ်လို့နေသည်။

XXXXXXXXXXXXXXX

နှင်းပထမဆုံး စကျသော ရုံးပိတ်ရက်…

အိပ်ယာကနေ နိုးလာပြီး ဝရန်တာကနေ အပြင်ကို ကြည့်လိုက်တာနှင့် သစ်ပင်တွေကော မြေပြင်ကြီးပါ ခပ်ပါးပါး ဆီးနှင်းလွှာက ဖုံးလွှမ်းနေသည်။ အားကွာကတော့ ဒီလို မြင်ရခဲသည့် မြင်ကွင်းကို မြင်လိုက်တာနှင့် စိတ်တွေ လှုပ်ရှားကာ ဟောင်တော့သည်။ ဒါနှင့်ပဲ ကွမ်ကျင့်ခမျာ သူ့ခွေးကို ဆွဲကာ လေးတိလေးကန်နှင့် လမ်းဆင်းလျှောက်ရတော့သည်။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now