အခန်း ၁၁၈ Still Waters and Bitter Cold ၁၁

871 153 5
                                    

အခန်း ၁၁၈ Still Waters and Bitter Cold ၁၁

ပေါင်မုန့်မီးကင်ကို တပြက်ပြက်မြည်အောင် ဝါးနေသည့် ဝမ်ကျင်းဟန် တစ်ယောက် ဘေကွန်ကို အသာလေး ဖြတ်တောက်သည့် မြို့စားကိုကြည့်ကာ သူတော်ကောင်းယောင်ဆောင်နေပြန်ပြီဟု စိတ်ထဲကနေ အပုတ်ချနေသည်။

"မင်း စားတဲ့သောက်တဲ့ပုံစံကတော့ ပြင်ဖို့ လိုတာပဲ" မြို့စားက ရုတ်တရတ် သူ့ကို မော့ကြည့်ကာ ပြောလိုက်သည်။

".... အကြံပေးတဲ့ အတွက်တော့ ကျေးဇူးပဲ။ ဒါပေမယ့် အထက်တန်းစားမျိုးရိုးထဲမှာ မွေးလာရလောက် အောင် ကံမကောင်းဘူး။ ခင်ဗျားကို အရမ်းကာရောတွေ အတုယူလိုက်လို့ နောက်ကျ တစ်နေရာရာမှာ သွားတာ စားတာဆိုရင် အများနဲ့ ကွဲထွက်နေဦးမယ်" ပြောနေရင်းက ပေါင်မုန့် တစ်ပိုင်းကို ဗြိခနဲ ဆွဲဖြဲလိုက်တာ ပါးစပ်ထဲကို သွပ်ပလိုက်သည်။

"လူဆိုတာ သူတို့ရဲ့ အားနည်းချက် ကို ငကြောက်တွေလို ရှောင်တိမ်းနေမယ့် အစား ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမယ်။ မင်းကို ငါ သင်ပေးဦးမှ" မြို့စား၏ အမူအယာကတော့ ဝမ်ကျင်းဟန်ကို သူနှင့် တန်းတူ အဆင့်တူပါတယ်ဆိုသည့် မျက်နှာထား ချိုးလာသည်။

ဒီ အုတ်ဂျုံယာဂု (oatmeal) ပါးကန်ကို သူ့ပေါ် လောင်းချလိုက်ရင် ဟန်ဆောင်နေတာ ဖယ်ပြီးတော့ ငါနဲ့ နောက်တစ်ပွဲ အကဲစမ်းလောက်မလား မသိဘူး? ဝမ်ကျင်းဟန်ကတော့ ဆန့်ကျင်ဖက် ဖြစ်နိုင်ချေတွေကို မစဉ်းစားပဲ မနေနိုင်ပေ။

"မင်း စားလို့ ပြီးသွားရင် ပစ္စည်းတွေ သွားသိမ်။ ခဏနေရင် သွားမယ်" ရုတ်တရတ်ကြီး ထပြောပြန်သည်။

ဝမ်ကျင်းဟန်က အံသြသွားကာ "ဘယ်ကို သွားမှာလဲ" လို့ အလိုလို ပြန်မေးမိသွားည်။

မြို့စားက သူ့ကို ဘာမှ မဟုတ်သလို ကြည့်ပြီး လက်သုတ်ပဝါနှင့် ပါးစပ်သုတ်ပြီးသည်နှင့် ဘာမှ ထပ်မပြောပဲ ထွက်သွားသည်။

........

ဝမ်ကျင်းဟန် စိတ်ထဲမှာတင် ဆဲရေးလိုက်တာမှ စားပွဲခုံကို ပြောင်းပြန်လှန်မိဖို့ နည်းနည်းသာ လိုတော့သည်။

တကယ်တမ်းကတော့ သူ့မှာက ဘာမှ သိမ်းဆည်းစရာ သိပ်မရှိပေ။ နေရာတော်တော်များများကို သွားလာလို့ အဆင်ပြေလောက်မည့် သာမာန်ဝတ်စုံမကျ ပွဲထိုင်ဝတ်စုံမကျ အဝတ်အစားကိုသာ ဝမ်ကျင်းဟန် လဲဝတ်လိုက်ရသည်။ အဲဒိ ချီးထုတ်မြို့စား ဘယ်သွားမယ်ဆိုတာ ဘယ်သူက အကြားအမြင်ရပြီး သိနေမှာမို့လို့လဲ။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now