အခန်း ၈၃ အပျော်ခရီး ၁၇

1.8K 387 5
                                    

Chapter 83 အခန်း ၈၃ ထိတ်ထိတ်လန့်လန့် အပျော်ခရီး ၁၇

ဖန်မိသားစုမှ မိသားစုဝင်သုံးယောက် ထမင်းစားခန်းသို့ ဝင်လာချိန်တွင် စောင့်မျှော်နေသည်က သတင်းဆိုး ဖြစ်နေသည်။

ဖန်စမ်က သက်ပြင်းချကာ “အပူလှိုင်း တစ်လုံးက ပြိုကွဲ ပျက်ဆီးသွားတာတောင် နောက်တစ်လုံးက လာသေးတယ်။ ကြည့်ရတာ ဒီလူ ဖန်စမ်ကတော့ အမွှေးတိုင်ထွန်း ဆုတောင်းဖို့ လိုနေပြီ ထင်တယ်။ ကျွန်တော်က အားလုံးရဲ့ လုံခြုံရေးကို သေချာပေါက် တာဝန်ယူမှာပါ ဒါပေမယ့် အားလုံးရဲ့ အမြင်ကိုတော့ သိချင်သေးတယ်။ ဟာဝါအီကိုပဲ ရှေ့ဆက်ချင်လား နောက်ကြောင်းပဲ ပြန်ချင်ကြလား?”

ဖန်မိုက ခံပြင်းဒေါထွက်နေပုံ ရကာ “ဘယ်ကမှန်း မသိတဲ့ လူရဲ့ အမိန့်တွေတိုငး ကျွန်တော်တို့ မျက်စိမှိတ်လိုက်နာ နေလို့ ဘယ်ဖြစ်မလဲ အစ်ကိုဝမ်းကွဲရဲ့  ကျွန်တော်တို့တွေ ပြန်တိုက်ဖို့ လုပ်ဖို့ လိုမယ်ထင်တယ်နော်”

“ပြန်တိုက်မယ်? ဘယ်လိုမျိုးလဲ? ဘယ်သူ့ကိုလဲ? မပြောခင် ပြန်စဉ်းစားဦးလေကွာ”

ဖန်စမ့် စကားလုံးကြမ်းကြမ်းများကြောင့် ဖန်မို ကုတ်သွားကာ ထောင့်နားက ခုံတစ်ခုံမှာ မကြည်မသာနှင့် သွားထိုင်နေတော့သည်။

“လုံခြုံရေးအရဆိုရင်တော့ ဘာမှ မစွန့်စားတာ အကောင်းဆုံးပဲ” ချင်ဆယ်က သူ(မ)မေးကို ပွတ်ကာ ပြောလိုက်သည်။

“ဒါပေမယ့် သဘောင်္ပေါ်မှာ အလောင်းသုံးလောင်းနဲ့ လူသတ်သမားတစ်ယောက်ရှိတာလဲ မမေ့နဲ့ဦး။ ဟာဝါအီကို ဒီလိုကြီး သွားဖို့ တကယ်ကော အဆင်ပြေရဲ့လား” ဝမ်ကျင်းဟန်က ကန့်ကွက်လိုက်သည်။

အကြာကြီး ဆွေးနွေးအပြီးမှာတော့ စာရေးတဲ့သူကို စိတ်တိုအောင် မလုပ်တာ အကောင်းဆုံးဟု လူအများစုက ထင်နေကြသေးသည်။

“မြို့စားကြီးကရော ဘယ်လိုထင်လဲ မသိဘူး….” ဖန်စမ်က ဝမ်ကျင်းဟန်ဘက်ကို အသာလှည့်ကာ တီးခေါက်ကြည့်သည်။

“အခုလောလောဆယ်တော့ စိတ်ထဲ မထားသေးဘူး။ ဒါပေမယ့် တစ်လလောက် ပင်လယ်ထဲမှာပဲ တစ်ရစ်ဝဲဝဲနဲ့ ကမ်းကပ်ဖို့ အရိပ်အယောင်မမြင်ရင်တော့ ကျွန်တော် ပြောရဲတယ် သူပျော်နေမှာတော့ မဟုတ်ဘူး” ပြောချင်တာကတော့ ရှင်းပါသည်။ ဒါက နောက်ဆုံးအကြိမ်ပဲ ။

တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - CompletedWhere stories live. Discover now