အခန်း ၁၂၉ The Wife Ran Away မိန်းမ ထွက်ပြေးသွားတယ်လေ
လုယွင်ယွမ်ကတော့ အလုပ်နှင့် ခရီးသွားနေပေမယ့် ကွမ်ကျင်ကတော့ ခရီးအကြောင်း မေးဖို့တောင် ပျင်းရိလွန်းနေသည်။
ဝမ်ကျင်းဟန် ကလည်း ဆေးမှားသောက်မိသလိုမျိုး သူ့လက်ထဲက အမှုကို အထက်ကို လိုလိုလားလားနှင့် သွားအပ်သည့်အပြင်ကို ထိုအမှုက ပြည်တွင်းရော ပြည်ပရောက အဖွဲ့အစည်းအများစု ပါဝင်နေကြောင်းလဲ တင်ပြကာ ဗျူဟာရုံးနှင့်တွင် ဖြေရှင်းလို့ မရကြောင်းကို အထက်ကို သွားတင်ပြလိုက်သည်။ ထို့ကြောင့် ကွမ်ကျင့်မှာ တစ်နေ့တစ်နေ့ အချိန်တွေ ပိုကာ သူ့တစ်ယောက်တည်း အစားကြူးလိုက်၊ ခွေးကို လမ်းလျှောက်ပေးလိုက်၊ ရုပ်ရှင်တွေ ထိုင်ကြည့်လိုက် နှင့် ဘဝကြီးကို သာသာယာယာ ဖြတ်သန်းလို့နေသည်။
အားကွာကတော့ အခုဆိုလျှင် ဟန်ကြီးဟန်ကြီးနှင့် ခွေးကြီးတစ်ကောင်တောင် ဖြစ်နေပြီ ဖြစ်ကာ သူ့အမွေးပွပွခေါင်းကြီးကဆိုလျှင် တော်တော်လေးကို ရင်သတ်ရှုမောစရာ ကောင်းသည်။ ပြီးတော့ သူက သူစိမ်းသူရံများဆိုလျှင် အမြဲတမ်း မနှစ်မြို့သလို အထင်သေးသလိုမို့ သူ့ရဲ့ မာနတထောင်ထောင် စိတ်ဓါတ်ကို ကြည့်ပြီး ကွမ်ကျင်ဆိုလျှင် မြို့စားကြီးနှင့်တောင် သူ့ခွေးကို သွားမိတ်ဆက်ပေးချင်စိတ်တွေ ပေါက်ရသည်။
ဒီညမှာတော့ ကွမ်ကျင်က အားကွာရဲ့ အမွေးတွေကို ဖြီးပေးနေတုန်း အိမ်တံခါး ခေါက်သံ ထွက်လာသည်။ သူ့လုပ်ဖော်ကိုင်ဖက်တွေနှင့် လုမိသားစုကလွဲလျှင် ဒီအနီးအနားမှာက ကွမ်ကျင် သိသူမရှိတာမို့ ဘယ်သူကများ ဒီအချိန်ကြီး လာလည်ရတာလဲ။
တံခါးသို့ သွားကာ ချောင်းကြည့်သည့် အပေါက်ကနေ ကြည့်လိုက်တော့ တံခါးလာခေါက်သည့် သူက တော်တော်လေး မြင်ဖူးနေသလို ဖြစ်နေသည်။ တံခါးဖွင့်လိုက်တော့ ခပ်တည်တည်နှင့် အရပ်ရှည်ရှည် လူတစ်ယောက် ဖြစ်နေသည်။ တံခါးဖွင့်သူက ကွမ်ကျင်ဆိုတော့ သူလဲ အံသြနေသည်။
YOU ARE READING
တဖန်ရှင်သန်လာခြင်း၏ အထူးအမှုတွဲများ Myanmar Translate - Completed
ActionSpecial Case Files of Rebirth All Credit to - Original Author - 狂想之途 KuangXiang Zhi Tu Chapter - 132 English Translator - Vivian English Editor - Addis https://exiledrebelsscanlations.com/ Starting Date - 2 Sept 2021 Finishing Date - 10 Aug 2023