အပိုင်း(၁)

9.5K 152 4
                                    

(Unicode)

"ကလင်... ကလင်... ကလင်..."
Alarm ထမြည်သံကြောင့် စစ်မင်း အိပ်ယာမှလန့်နိုးသွားသည်။အိပ်ချင်မူးတူးဖြင့် မျက်လုံးကိုဖိပွတ်ကာ alarm ကိုပိတ်ပြီး နာရီကိုကြည့်တော့ မနက် 6;00 ။
အိပ်ယာမှလူးလဲထကာ ရေချိုးခန်းဝင် မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အဝတ်အစားလဲကာ ထွက်လာခဲ့သည်။

"အကိုလေး နိုးလာပြီလား စောစောစီးစီးပါလား"

"သွားစရာရှိလို့"

"အိတုံမနက်စာ ပြင်လိုက်မယ် အစောကြီးနိုးမယ် မထင်လို့ မနက်စာမပြင်ရသေးဘူး ခုအမြန်ပြင်ပေးမယ်နော်.."

"ရတယ် မပြင်နဲ့တော့ အပြင်မှာစားမှာ"

ထွက်သွားသောအကိုလေးရဲ့နောက်ကျောကိုကြည့်ကာ

''အကိုလေးကဘယ်ချိန်ကြည့်ကြည့်ချောနေရောပဲ''

မျက်ခုံးထူထူ နှာတံစင်းစင်း နှင့် ပါးလျသောနှုတ်ခမ်းတို့ကဘုန်းစစ်မင်းရဲ့ မျက်နှာအသွင်အပြင်ကိုကြည့်ကောင်းစေသည်။အသားအရေကမဖြူမညိုအနေထားနှင့် အရပ်က 6 ပေနီးနီးရှိသောသူဟာ YTU မှာ popular boy လေးပေါ့။

ကောင်မလေးများဝိုင်းဝိုင်းလည်နေသလိုရှုပ်ပွေတဲ့နေရာမှာလဲ ဆရာကြီး၊ ကောင်မလေးတစ်ယောက်ဆိုတစ်လတောင်ပြည့်အောင်မတွဲတဲ့သူ၊ ဒါပေမယ့် သူ့မှာအရမ်းချစ်ရတဲ့ငယ်သူငယ်ချင်းမလေးတစ်ယောက်ရှိသတဲ့..................

"Morning အန်တီမေ... နွေရော"

"မင်းသူငယ်ချင်းအိပ်တုန်းကွဲ့ ကျောင်းပိတ်ရက်စောစောစီးစီး ဘယ်သွားမလို့လဲ"

"သားတို့ သူငယ်ချင်းတစ်ယောက်နဲ့ချိန်းထားတာ ဒီကောင်ခုထိမနိုးသေးဘူးလား သားသွားနိုးလိုက်မယ်နော်"

"သွားသွား မင်းသူငယ်ချင်းကအိပ်ပုတ်ကွဲ့ သိတယ်မလား"

နွေ့အိမ်နဲ့သူ့အိမ်ကခြေရင်းခေါင်းရင်းဖြစ်သည်၊နှစ်ဖက်မိဘတွေကလဲငယ်သူငယ်ချင်းတွေမို့ သူနှင့်နွေကသူငယ်ချင်းဆိုတာထက် မောင်နှမလိုချစ်ခင်ကြသည်။

မိဘတွေဆီမှာဂရုစိုက်ခြင်း မခံရသောသူ့ကို အန်တီမေကပဲ ဂရုစိုက်ချစ်ခင်ပေးသည်၊ သူလိုချင်တဲ့ မေတ္တာကိုမပေးနိုင်ပဲ သူ့အတွက်မလိုအပ်တဲ့ပိုက်ဆံကိုသာ တောင်လိုပုံပေးနိုင်တဲ့မိဘနှစ်ပါး၊ ခုလဲသူ့ကိုတစ်ယောက်ထဲထားပြီး နိုင်ငံခြားမှာ စီးပွားရှာနေလေရဲ့

သူ (He)Where stories live. Discover now