အပိုင်း(၂၅)

2.6K 71 0
                                    

(Unicode)

"စစ် ph ဆက်လား ... ဟင်…."

သားလေးနဲ့ခြံထဲဆင်းလမ်းလျှောက်နေရင်း ပန်းဝတ်မှုံအသံကြောင့် ကြည်လင်နေတဲ့စိတ်တွေ ပျောက်ရှသွားတော့သည်။

ဘယ်လိုနေနေစိတ်ထဲမုန်းနေတာကြောင့် ပြဿနာမဖြစ်ချင်လို့ရှောင်နေခဲ့မိသည်။ ဒါကိုမှအတင်းဝင်ရောနေတော့ ဘာဖြစ်ချင်နေတာလဲ ပန်းဝတ်မှုံ။

သူများအိမ်မှာ‌နေတာကြာပြီ ခုထိမပြန်နိုင်သေးဘူး။ အားမနာတတ်ဘူးလားမသိဘူး။ ဘေးလူတွေအမြင်မှာစစ်ကပဲမိန်းမနှစ်ယောက်ယူထားသလို။

"စစ် ph ဆက်လားလို့"

မကြားချင်ယောင်ဆောင်ပြီးမဖြေတာကို အတင်းလိုက်မေးနေတာ စိတ်တိုချင်စရာ။ မဖြေရင်လဲ ဆက်မေးနေမှာမို့ စိတ်တိုတိုနဲ့ပဲ ခပ်ဆတ်ဆတ်ဖြေပေးလိုက်သည်။

"ဆက်တယ် ဘာဖြစ်လို့လဲ"

"Aww ပန်းကစစ်တစ်ယောက် ph ဆက်ဖို့မ‌တွေးမိ‌အောင်ကိုအပျော်လွန်နေပြီထင်တာ"

ပြောနေပုံကမျက်နှာကိုကုတ်ဖဲ့ချင်စရာ။ စိတ်ထိန်းစမ်း .... ထိန်းစမ်း .... မိနွေ ။

"ဘာလို့လဲ"

"မဟုတ်ပါဘူး ဒီတိုင်း"

စကားကိုပြီးစလွယ်ပြောပြီး အိမ်ထဲပြန်ဝင်သွားတော့ နွေတစ်ယောက် အတွေးများဖြင့်ကျန်ခဲ့တော့၏၊ မျက်နှာကပြုံးစိစိနဲ့ ဘာတွေကျေနပ်နေတာလဲ။

မပြောချင်ရင်အစကပဲလာမပြောနဲ့လေ ။ လူကိုသက်သက်ရန်စနေတာ အသိသာကြီးကို။

"မမလေး"

"ဝေ"

"အကိုလေး ဆီက၊ မမလေး ph ကိုခေါ်တာ မကိုင်လို့တဲ့ "

"ပြောနေရင်းအသက်ရှည်အုံးမယ်"

"ရှင်"

အိတုံကသူ့ပြောတယ်အထင်နဲ့ကြောင်ကြည့်နေတော့ ခြံထဲကဒန်းပေါ်မှာထိုင်လိုက်ပြီးအိတုံလှမ်းပေးတဲ့ ph ကိုယူလိုက်ရသည်။

"ဘာလဲ ပြော"

"ဘာဖြစ်‌နေတာ အသံက"

"ပုံမှန်ပဲ ဘာဖြစ်လို့လဲ"

"ဘာမှာမလဲလို့ ကိုယ်မနက်ဖြန်ပြန်လာမယ်လေ"

ညက ph ဆက်တော့ အလုပ်ကိစ္စလဲအဆင်ပြေတယ် အားလုံးပြီးပြီ ပြောတော့ ဒီနေ့ပြန်လာမယ်ထင်နေတာ......။ ပြောသွားတာနှစ်ရက် ခုလေးရက်ရှိနေပြီ။

သူ (He)Where stories live. Discover now