အပိုင်း(၂၉)

3K 82 1
                                    

(Unicode)

တစ်နှစ်ဆိုတဲ့အချိန်ကအကုန်မြန်လိုက်တာ.....။

နှစ်ကုန်စာရင်းတွေစစ်ပြီး ခေါင်းကတအားထိုးကိုက်နေပြီ။ဒါပြီးရင်တော့ အိမ်ပြန်ပြီး အနားယူရတော့မှာပဲ။

ကိုယ့်လက်ထဲမှာရှိတုန်းအကောင်းဆုံးလုပ်ပေးခဲ့ပြီးပြီလေ၊ ဒက်ဒီ့ကိုပြောခဲ့သလို သုံးနှစ်လဲမကြိုးစားပေးနိုင်တော့ဘူး ကတိမတည်လို့ပြောချင်လဲပြောပါစေတော့ ....

ဒါပေမယ့်အတိုင်းတာတစ်ခုထိရောက်အောင်သူလုပ်ပေးခဲ့တာ လိပ်ပြာလုံပါတယ်လေ....။

"အကိုလေး"

ဒီစည်သူတစ်ကောင်ကလဲ အကိုလေးလို့မခေါ်ပါနဲ့ဆို ဘယ်လောက်ပြောပြောမရဘူး....။

"Say"

"S&P company ကစာချုပ်ချုပ်ဖို့ကမ်းလှမ်းလာတဲ့ကိစ္စ ဘယ်လိုအကြောင်းပြန်လိုက်ရမလဲ"

"ငြင်းလိုက် စည်သူ ၊ သူတို့ကငွေကြေးအရှုပ်အရှင်းဖြစ်ထားတာမကြာသေးဘူး ၊ ပူးပေါင်းလိုက်ရင် ငါတို့အတွက်အန္တရယ်များတယ်"

"ကောင်းပါပြီ"

"နေအုံး ကလော hotel အခြေနေက "

"အားလုံးအဆင်ပြေပါတယ် အကိုလေး ၊ နှစ်အစပိုင်းမှာဖွင့်ဖို့ အားလုံးပြင်ဆင်ထားပါပြီ"

သူကျေနပ်စွာပြုံးလိုက်မိသည်။လူအား ငွေအားအလုံးအရင်းနဲ့ အကုန်ကျခံပြီး အမြန်ပြီးအောင်ဆောက်ခိုင်းထားတာ။ ခုလိုတွေဖြစ်လာဖို့ သူဘယ်လောက်ကြိုးစားခဲ့ရလဲဆိုတာ သူအသိဆုံးပဲလေ။

"ကောင်းပြီ သွားလို့ရပြီ"

မဖွင့်ခင်နွေ့ကိုအရင်ပြရမယ်လေ။ အားလုံးကနွေ့အတွက်လုပ်ခဲ့တာပဲမလား။ သူစိတ်ဝင်စားပေမယ့် သိပ်နားမလည်တဲ့အလုပ်တစ်ခု ခုလိုအဆင်ပြေသွားတော့ ကျေနပ်ရပါသည်။

ခုလောလောဆယ် ကိုယ့်မိဖုရားက ရွှေစိတ်တော် ဆိုးနေရှာတော့ ဒီကိစ္စဘယ်လိုအစပျိုးပြီးပြောရမှန်းမသိ။

စိတ်ကလဲကြီးလိုက်တာမပြောနဲ့ သူ့ကိုမခေါ်တာ လနဲ့ချီနေပြီ။ သူလဲသေချာပြန်မချော့ရသေးတာလဲပါတာပေါ့လေ.....

သူ (He)Onde histórias criam vida. Descubra agora