အပိုင်း(၁၈)

3K 82 2
                                    

(Unicode)

"အားး တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုပဲ"

စစ်မင်းအိပ်ယာကနိုးနိုးချင်နာကျင်မှုဒဏ်ကိုခံစားလိုက်ရတော့နှုတ်မှညီးတွားနေမိ၏၊

ဆရာမကြီးနွေ ပညာပြ‌ထားသဖြင့် ကြမ်းပြင်ပေါ်ဆင်းအိပ်နေရတာ ဒီနေ့နဲ့ဆိုသုံးရက်ရှိပြီ။ အိမ်ရှေ့က sofa မှာထွက်အိပ်မယ်ဆိုတော့ အန်တီမေသိမှာစိုးလို့တဲ့လေ။ "ဒီလိုအိပ်နေရပါတယ်လို့ မားသိကြည့် နင်မလွယ်ဘူးမှတ်"တဲ့လေ။

အရင်ကနှူးနှူးညံ့ညံ့နဲ့နွေကသူ့အားလက်ညိုးထိုးကာ ကြိမ်းမောင်းထားတော့ သူ့မှာကြောက်ပြရတော့တာပါပဲ။

ကုတင်ပေါ်လှမ်းကြည့်တော့ အိပ်နေတာကလေးလေးကျနေတာပဲ။ ညဆိုသူမကောင်းကောင်းအိပ်မရတာ သူအသိပဲလေ။

သူရောက်ရောက်ချင်းညက........

"အားး ကျွတ် .. ကျွတ် ..ကျွတ် မားရေ"

"အား နာလိုက်တာ မားရေ လာပါအုံး"

ခရီးပန်းလာတာမို့လူကအိပ်မောကျနေတုန်း ညည်းသံသဲ့သဲ့ကြားလိုက်ရသည်။ အသံကတဖြည်းဖြည်းကျယ်လာတာမို့ အိပ်ချင်မူးတူးနဲ့ ထကြည့်မိမှ နွေ့ဆီကအသံ။

သူနွေ့နားရောက်သွားကာ ချွေးစိုနေပြီးမျက်နှာ‌ပေါ်ပြန့်ကျဲကျနေတဲ့ဆံပင်လေးတွေကိုသပ်တင်ပေးကာ

"ဘာ .. ဘာဖြစ်တာလဲနွေ ၊ ဘယ်နားအဆင်မပြေလို့လဲ"

*အိပ်ယာထဲမှာလူးနေပြီး မျက်ရည်တွေလဲရွဲလို့၊ ဘယ်လောက်တောင်နာကျင်နေသလဲ ကလေးရယ်*

ခါးနေရာလေးကိုလက်ဖြင့်နောက်ပြန်ဖိနေတော့

"ခါးလား ခါးနာနေတာလား ကလေး"

"မားကိုခေါ်ပေး"

"ကိုယ်လုပ်ပေးမယ်လေ အန်တီအိပ်ပါစေ"

မနက်ကအန်တီမေပြောတာကိုသတိရတော့ ကောင်းကောင်းအိပ်ပါစေဟုတွေးကာ သူမရဲ့ခါးနေရာလေးကိုလက်ဖြင့်ဖိပွတ်ပေးလိုက်တော့ သက်သာပုံရ၏၊ ငြိမ်ကျသွားသည်။

ခဏအကြာအိပ်ယာမှအတင်းကုန်းရုံးထနေတော့ သူဆွဲထူပေးလိုက်ပြီး

သူ (He)Unde poveștirile trăiesc. Descoperă acum