အပိုင်း(၁၀)

2.9K 89 1
                                    

(Unicode)

"မသွားပါနဲ့ … နွေ … နွေရေ … ငါတောင်းပန်ပါတယ် … ငါ့ကိုထားမသွားနဲ့ … နွေ………"

ရင်တွေတစ်ဒိန်းဒိန်းခုန်ပြီးပြီးအော်သံကြောင့်ရုတ်တရက်လန့်နိုးသွားသည်။

"ဘာလဲဟ … အိပ်မက်လား"

ရင်ထဲမှာလဲတစ်ဆစ်ဆစ်နာလို့။စစ်မင်းမျက်နှာကိုစမ်းမိတော့မျက်ရည်တွေ။

"ငါငိုနေတာလား''

တစ်ယောက်ထဲရေရွတ်နေမိ၏၊ နာရီကြည့်တော့ မနက်သုံးနာရီ။

"ငါဘာလို့ရင်တွေနာနေရတာလဲ''

စစ်မင်းရင်ဘက်ကိုလက်နှင့်ဖိကာအိပ်ယာထဲပြန်လှဲချလိုက်တော့သည်။

"မမွှေးရေ ကြည့်တို့အခန်းကိုသန့်ရှင်းရေးလုပ်ဖို့ ကလေးမလေးတွေလွှတ်ပေးပါအုံး"

"အင်းပါ မမွှေးလွှတ်လိုက်မယ်နော်"

"ဒီနေ့ breakfast ကဘာလဲဟင်"

"အုန်းနို့ခေါက်ဆွဲပါ"

"ဘုရားပန်းဝယ်ခဲ့လား မမွှေး"

"ဝယ်ခဲ့တယ်ကြည် လဲတော့မလား''

အခန်းအပြင်ကဆူညံသံတွေနားထဲအတိုင်းသားကြားနေရသည်။ မာမီတို့ရောက်ကတည်းကအိမ်ကအမြဲဆူညံနေ၏၊ မေမွှေးလဲတစ်ခါမှအငြိမ်မနေရ။ သူလဲအိပ်ကောင်းခြင်းမအိပ်ရပေ။

အရင်ကဆိုသူအိပ်နေရင်အပေါ်ထပ်လာပြီးဘာဆူညံသံမှမလုပ်ရဲကြ။သူနိုးမှသာလုပ်စရာရှိတာလုပ်ကြရသည်။

ဆက်အိပ်မရတော့လို့အိပ်ယာကထလာခဲ့ပေမယ့်စိတ်ကမကြည်တော့။ညကအိပ်မက်ကြောင့်လဲ စိတ်ထဲထင့်နေသည်။

သူနွေနဲ့မတွေ့ဖြစ်တာကြာနေပြီ။ ထိုခွေးပေါက်ကလဲသူ့ကိုရှိတယ်လို့တောင်မထင်လားမသိ။စာမေးပွဲ‌ဖြေနိုင်လားတောင်မေးဖော်မရ။ ဒီနေ့တော့တွေ့ကြသေးတာပေါ့။

▫️▪️▫️▪️▫️▪️▫️▪️▫️▪️

"အိမ်ရှင်တို့ … အိမ်ရှင်တို့"

"လာပြီ ဘယ်သူလဲမသိ''

အိမ်ထဲမှအပြေးတပိုင်းထွက်လာသောနွေ့အားကြည့်ပြီးသူရယ်ချင်သွားသည်။

သူ (He)Where stories live. Discover now