အပိုင်း(၂၄)

2.5K 74 0
                                    

(Unicode)

"ဘယ်သွားမလို့လဲ"

အိမ်ကိုအရေးတကြီးပြန်လာပြီး ခရီးဆောင်အိတ်ထဲအင်္ကျီတွေထိုးထည့်နေတော့ အစကမမေးဘူးနေတာ မနေနိုင်တဲ့အဆုံး သားလေးကိုနို့တိုက်နေရာမှမေးလိုက်တော့ လှည့်မကြည့်ဘဲပစ္စည်းတွေထည့်နေရင်း ပြန်ဖြေသည်။

"အရေးကြီးအလုပ်ကိစ္စပေါ်လာလို့ ကိုယ်သွားရမယ်"

"ဘယ်ကိုလဲ"

"ကလော"

"ဘာအတွက်လဲ"

"အလုပ်ကိစ္စပါဆို"

"အဲ့ဘက်မှာနင့်အလုပ်ကိစ္စက ဘာရှိလို့လဲ"

"ဟာ ... အခုလုပ်တော့မလို့"

"ဘာလုပ်မှာလဲ"

"နောက်မှအေးဆေးပြောပြမယ်ကွာ"

စကားပြောရင်မပြုံမပွင့်နဲ့။ စိတ်မရှည်တာဒါတွေပါတယ်။ အေးလေ ငါကကလေးတစ်ယောက်နဲ့အိမ်ထဲမှာပဲနေနေရတော့ သူတို့အလုပ်ကိစ္စတွေငါဘယ်သိပါ့မလဲ။ ငါနဲ့ဘယ်တိုင်ပင်ချင်ပါ့မလဲ။

"ခုချက်ချင်းလား"

"အင်း"

"ဘယ်သူတွေပါမှာ"

"ကျစ် ဘယ်သူပါရမှာလဲ စည်သူနဲ့ နှစ်ယောက်တည်းပဲ ဘာလဲ လူကိုမယုံတာလား"

နွေမေးနေတာကိုစိတ်မရှည်သလိုပြန်ဖြေနေတော့ ဒေါသထွက်လာမိသည်။ ခုတလောသူနဲ့ပတ်သက်ရင်စိတ်ထဲအဆင်မပြေပါဘူးဆိုမှ ခရီးထွက်ဖို့အကြောင်းဖန်လာပြန်ပြီ။

နွေကသူယူထားတဲ့သူ့ရဲ့တရားဝင်ဇနီးမယားတစ်ယောက်ပဲလေ ဒီလောက်တောင်မေးပိုင်ခွင့်မရှိဘူးလား။

"နှစ်‌ရက်လောက်ပဲကြာမှာ ရောက်ရင် ph ဆက်လိုက်မယ်နော်"

ခရီးဆောင်အိတ်ကိုဆွဲကာနွေ့နဖူးကိုလာနမ်းတော့ နောက်ဆုတ်ပစ်လိုက်သည်။

"ဘာဖြစ်တာလဲ"

နှုတ်ကမဖြေပဲခေါင်းရမ်းပြလိုက်သည်။

"အလုပ်ကိစ္စလေကွာ နားမလည်ဘူးလား"

"နားလည်တယ် သွား"

နွေ့ရင်ခွင်ထဲကသားလေးလက်ကိုငုံနမ်းပြီး ထွက်သွားတော့ နွေကုတင်အပေါ်အမြန်ဆင်းလိုက်ပြီး ပြတင်းပေါက်ဆီပြေးသွားကာ သူ့ကိုလိုက်ကြည့်နေမိသည်။

သူ (He)Место, где живут истории. Откройте их для себя