အပိုင်း(၁၉)

3K 82 0
                                    

(Unicode)

"သမီး...အားလား.... မားပြောစရာရှိတယ်"

"ဟုတ်''

နွေဒီဇိုင်းဆွဲနေတာကိုမြင်ရဲ့သားနဲ့အနားရောက်လာပြီးမှအားလားဆိုတော့ မအားဘူးဆိုလဲပြောမယ့်ပုံ

"သမီးကလေးမွေးပြီးရင်မားတို့ရန်ကုန်ပြန်ကြရအောင်"

"ဟင်"

"ဟုတ်တယ်၊ ဒီမှာမားလဲကြာကြာနေလို့မရသလို သားစစ်မင်းလဲနေလို့မရဘူး အလုပ်တွေရှိတယ်လေ... ခုတောင် အောင်မျိုးကစိတ်ချရလို့ သမီးအနားမှာမားခုလိုနေနိုင်တာ... သမီးတစ်ယောက်ထဲ ကလေးတစ်ဖက် ကျောင်းတစ်ဖက်ဆို ဘယ်လိုမှအဆင်မပြေဘူး ကလေးကိုမားတို့ခေါ်သွားမယ်ဆိုရင်ရော သမီးကထည့်ပေးလိုက်မှာမို့လား"

နွေဘာမှမပြောရသေးခင်မားကအချက်ကျလက်ကျပြောလိုက်တော့ ဘယ်လိုပြန်ပြောရမယ်မှန်းမသိစွန့်အသွားသည်။

နွေကိုယ့်ဗိုက်ကလေးကတစ်ချက်ငုံ့ကြည့်ရင်း သက်ပြင်းဖွဖွချမိသည်။ဒီဇိုင်းပညာကနွေ့ဝါသနာဆိုပေမယ့် သားလေးလောက်တော့အရေးမကြီးတော့ပါဘူး။ မားလဲသူ့အလုပ်တွေအတော်ကြာပစ်ထားခဲ့တာကြာပေါ့။

ကျောင်းဆင်းလက်မှတ်မရပေမယ့် ခုလဲနွေတော်တော်လေးကိုဒီဇိုင်းတွေဖန်တီးတတ်နေပါပြီ။ နောက်ပိုင်းကိုယ့်ဟာကိုဆက်လေ့လာရင်တော့ ပိုကောင်းတဲ့ ဒီဇိုင်းတွေဖန်တီးနိုင်မှာပါလေ။

"အမ်းပါ သမီးနားလည်ပါတယ်"

"သားစစ်မင်းက ကလေးကိုတောင်ရန်ကုန်မှာပဲမွေးစေချင်နေတာ ဒီမှာတစ်ခါထဲပြောပြီးဆိုပြီး အပ်ထားပြီးသားကြောင့် ၊ သမီးလဲကိုယ်ဝန်ကြီးနဲ့လေယာဉ်စီးရင် ပင်ပန်းမှာစိုးလို့တဲ့လေ ဒီကလေးလဲသမီးအပေါ်အတော်‌လေး တွေးရှာပါတယ်... စိတ်ဆိုးနေရင်လဲ နည်းနည်းပါးပါးကိုယ့်အပေါ်ကောင်းခဲ့တာလေးတွေကိုတွေးကြည့်ပြီး ခွင့်လွှတ်သင့်ရင် ခွင့်လွှတ်ပေးလိုက်ပါကွယ်..."

နွေသိလိုက်ပါပြီ။မားနဲ့သူကလက်ဝါးချင်းရိုက်ထားပြီးသားကိုး။ ဒင်းကမားနဲ့‌ပေါင်းပြီး မနက်ကတည်းကအပြင်ထွက်ရှောင်နေတာပဲ။ဟိုနေ့ကနှစ်ယောက်သား တိုးတိုးတိတ်တိတ်တိုင်ပင်နေကြတာ ဒါပြောဖို့လား။ လွယ်လွယ်နဲ့တော့သဘောမတူလိုက်နိုင်ဘူးဍ္ဎ။ နှစ်ယောက်လုံးကိုစိတ်ညစ်သွားအောင် နည်းနည်းတော့ပညာပြအုံးမယ်။

သူ (He)Where stories live. Discover now