အပိုင်း(၆)

2.7K 85 1
                                    

(Unicode)

"သား ... စစ်မင်း နိုးပြီလားသား"

"ဟုတ် ... မေမွှေး ဘာကိစ္စရှိလို့လဲ''

"သား ဒက်ဒီနဲ့ မာမီကစကားပြောချင်လို့တဲ့ အောက်ခဏဆင်းခဲ့အုံး''

'ကျောင်းပိတ်ရက်အပြင်မသွားချင်တာနဲ့ အိမ်မှာအေးဆေးနေရမလားအောက်မေ့တယ်ကွာ'  စစ်မင်းစိတ်ထဲမှငြီးငြူပြီး အောက်ထပ်သို့ဆင်းခဲ့လိုက်သည်။

"လာစမ်းပါအုံးကွ ငါးနှစ်လောက်ကြာမှတစ်ခါတွေ့ရတဲ့သားတော်မောင်ရဲ့မျက်နှာလေး ဖူးမျှော်ချင်လို့"

ခနဲ့သလိုရွဲ့သလိုပြောသော ဒက်ဒီ့စကားကိုလျစ်လျူရှုကာ ဧည့်ခန်းခုံမှာဝင်ထိုင်လိုက်၏။

"ဘာပြောစရာရှိလို့လဲ"

"မင်းလဲကျောင်းပြီးတော့မှာဆိုတော့ ငါ့ company မှာမင်းကိုဝင်လုပ်စေချင်တယ်''

"ကျွန်တော်စိတ်မဝင်စားဘူး ကျွန်တော်ဝါသနာပါတာပဲ ကျွန်တော်လုပ်မှာ''

"မင်းကဘာဝါသနာပါလို့လဲ''

ဒက်ဒီ့အမေးကိုသူချက်ချင်းမဖြေနိုင်တော့ပါ။ သူ့မှာဝါသနာဆိုလို့ အပင်စိုက်တာပဲရှိသဖြင့် ခုထိသူဘာဖြစ်ချင်မှန်း ဘာလုပ်ချင်မှန်းသေချာမသိ။ မိဘတွေကိုအရွဲ့တိုက်နေရတာနဲ့ပဲ သူ့ဝါသနာဆိုတာကိုသူတစ်ခါမှမစဉ်းစားမိခဲ့………

"အဟင်း … ဘုန်းစစ်မင်း … ဘုန်းစစ်မင်း … မင်းမှာသေချာရေရာတဲ့ဝါသနာကောရှိလို့လားကွ ခုချိန်ထိ မတောင့်တမကြောင့်ကြပဲ မိဘလုပ်စာထိုင်စားလာတာ မင်းမရှက်ဘူးလား"

ဒက်ဒီ့စကားကြောင့်သူဒေါသထွက်သွားပေမယ့် စိတ်ကိုထိန်းချုပ်ကာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။

''အဲ့တော့ ဒက်ဒီကဘာလုပ်စေချင်တာလဲ''

"မင်းကိုခုဖွင့်မယ့် company မှာဝင်အုပ်ချုပ် စေချင်တယ်"

"Ok ကောင်းပြီလေ … သုံးနှစ်နဲ့အောင်မြင်အောင်လုပ်နိုင်ရင် အဲ့ company ကျွန်တော့်ကိုပေးမလား"

"ဟားး … အဲ့တာမျိုးမှငါကကြိုက်တာ စိန်လိုက်လေ ကြည့်ရသေးတာပေါ့''

သူ (He)Onde histórias criam vida. Descubra agora