အပိုင်း(၈)

2.6K 91 0
                                    

(Unicode)

ဒီနေ့စာမေးပွဲစဖြေရမည့်နေ့။ စာမေးပွဲတပြီးစစ်မင်းကသူလိုက်ပို့မည်ဟုဆို နွေခွင့်ပြုခဲ့သည်လေ။ အရင်ကနွေစာမေးပွဲဖြေတိုင်းလဲ သူပဲလိုက်ပို့နေကျပါ။ သူ့ကျောင်းနဲ့ နွေ့ကျောင်းကစာမေးပွဲစစ်တဲ့ရက်ချင်းမတူတော့ အဆင်ပြေတာမို့။

ခြံရှေ့ကားသံကြားတော့ စစ်မင်း လာပြီထင်တယ်။ နွေလိုအပ်သည်များကိုထည့်ကာ အောက်ထပ်သို့ဆင်းခဲ့၏။

"သမီး ဘုရားရှိခိုးခဲ့ရဲ့လား"

"မေ့သွားတယ် မား ၊ စိတ်ထဲကရှိခိုးလိုက်မယ် ဟီးး"

"ဒီကလေးမကတော့လေ … ဂရုစိုက်သွား သားစစ်မင်းကိုလဲကားဖြည်းဖြည်းမောင်းခိုင်းအုံး''

"Yes! မား"

နွေ မား၏မှာတမ်းများကိုနားဆင်ပြီးကားဆီသို့ပြေးလာခဲ့၏၊

''ခလုတ်တိုက်မယ် ဘာလို့ပြေးလာတာတုန်း''

"နင်စောင့်နေရမှာ အားနာလို့'' ဟုတံခါးဖွင့်ကာထိုင်ခုံမှာဝင်ထိုင်ရင်းပြောလိုက်သည်။

"ထူးထူးဆန်းဆန်း အားနာတယ်လား"

"အင်း ကျေးဇူးလဲတင်တာ ကျောင်းလိုက်ပို့လို့"

"တော်..တော်.. ထပ်ပြီးငါ့ကိုရွဲ့မနေနဲ့တော့ ကျောင်းသားကဒ်ပါပြီလား"

"ပါပြီ"

"ဘောပင်တွေခဲတံတွေရော အစုံပါလား ဟိုရောက်မှသူများဆီကငှားနေရမယ်"

"ပါ,ပါတယ်ဟ ၊ အဲ့လောက်ထိ‌ပြောနေစရာလိုလို့လား ငါကလေးလဲမဟုတ်ဘူး"ဟုနွေနှုတ်ခမ်းဆူကာပြောတော့

"အေး‌ပါ အေးပါ မမေးတော့ဘူး ကြောက်ရတယ် တကယ်ပဲ''

"ညနေရော လာခေါ်မှာလား နင်မအားရင်မလာနဲ့နော် အိမ်ကိုလာခေါ်ခိုင်းလို့ရတယ်"

"ရတယ် လာခေါ်မှာ ၊ နေစမ်းပါအုံး နင်ကဘာလို့ငါ့ကိုခုတလောသူစိမ်းလိုဆက်ဆံနေတာလဲ''

"ဟဲ့ … နင်နဲ့ငါကသူစိမ်းပဲဟာ"

"အေးပါဟာ သူစိမ်းဆိုလဲသူစိမ်းပေါ့"

နှစ်နှစ်ဆယ်လုံးလုံးသူ့အနားမှာအမြဲတမ်းရှိနေခဲ့တဲ့သူမကသူ့ကိုသူစိမ်းတဲ့ … ပြောရက်လိုက်တာနွေရာ …

သူ (He)Tahanan ng mga kuwento. Tumuklas ngayon