အပိုင်း(၁၄)

2.9K 85 0
                                    

(Unicode)

အရာအားလုံးမေ့ပြစ်ပြီး ရည်မှန်းချက်တွေကိုအကောင်ထည်ဖော်မည်ဟု တွေးထားသော်လည်း ရည်မှန်းထားသလိုဖြစ်မလာခဲ့‌။ နွေမြန်မာပြည်ကထွက်ခဲ့ပြီး နှစ်လအကြာ နွေ့ဘဝကိုနှောင်ကြိုးလေးတစ်မျှင်ထပ်ပြီးရစ်တွယ်လာခဲ့သည်။

အစကတော့ စိတ်ဖိစီးလို့ ၊ အစားအသောက်မမှန်လို့နေမှာပါဟုထင်နေမိခဲ့သော်လည်း နောက်တော့ ကိုယ့်ကိုယ်မသင်္ကာတာမို့ စစ်ကြည့်တော့ သူမမှာကိုယ်ဝန်ရှိနေခဲ့ပြီ။ သေချာအောင်အကြိမ်ကြိမ်စစ်ခဲ့ပေမယ့် အဖြေကတစ်ခုထဲကိုသာ ထပ်ခါတလဲလဲပြနေ၏။

သူမစသိသိချင်းဆောက်တည်ရာမရဖြစ်ခဲ့ပေမယ့် နောက်ဆုံးကိုယ့်စိတ်ကိုတတ်နိုင်သလောက်တည်ငြိမ်အောင်ထိန်းထားပြီးမှ သူမမာနတွေခဝါချကာ စစ်မင်းဆီသို့ဆက်သွယ်ခဲ့၏။ သူမစစ်မင်းကိုလိုအပ်သည်ကိုး…။

ထိုနေ့ကသူမ သူ့ဆီသို့ ph ခေါ်ခဲ့ပေမယ့် သူ့ဘက်ကမကိုင်ခဲ့။ သူမအကြိမ်တစ်ရာမကခေါ်ခဲ့တယ်။ ဘာမှတုန့်ပြန်မလာ။ ph မကိုင်တဲ့အဆုံးမှာသူမ သူ့ဆီသို့စာတိုတစ်စောင်ပို့ခဲ့၏၊

"စစ်မင်း ငါ့မှာကိုယ်ဝန်ရှိနေပြီ "

ချက်ချင်းပဲစာပြန်ဝင်လာတယ်။ သူမဝမ်းသာအားရဖြင့်ကြည့်လိုက်တော့

"ဖျက်ချလိုက်" တဲ့……….

သူ့ဘက်ကဒီလိုမျိုးပြောလာလိမ့်မယ်လို့ဘယ်တုန်းကမှမျှော်လင့်မထားမိခဲ့။ သူမဘဝတစ်ခုလုံးဇောက်ထိုးမိုးမျှော်ဖြစ်ကုန်ပြီ။ သူပြောသလိုဖျက်ချပစ်ဖို့ သူမအကြိမ်ကြိမ်စဉ်းစားမိခဲ့သည်။

သူနဲ့အတူနေမိခဲ့တာကိုကသူမအမှား။ ယုံမိခဲ့တာကိုက သူမမှားခဲ့တာပါ။

"ကို နွေတို့ကာကွယ်မှုတစ်ခုခုလုပ်ထားသင့်တယ်လို့မထင်ဘူးလားဟင်"

"နွေကဘာလုပ်ချင်လို့လဲ"

"ဆေးသောက်ထားရမလားလို့ မတော်ကိုယ်ဝန်ရှိသွားမှဖြင့်"

"မလိုပါဘူးကွာ ၊ ကိုယ့်ကိုယ်ယုံတယ်မလား ၊ နွေတစ်ခုခုဖြစ်ရင် ကိုယ်တာဝန်ယူမှာပေါ့ ၊ ခုကတည်းကယူချင်တာ အဲ့လိုဖြစ်ရင် ပိုကောင်းတာပေါ့"

သူ (He)Where stories live. Discover now