အပိုင်း(၄)

2.8K 88 0
                                    

(Unicode)

ဒယ်ဒီ နဲ့ မာမီ မြန်မာနိုင်ငံခဏပြန်လာမည်တဲ့။‌သူပျော်ရွှင်ခြင်းမရှိသလို စိတ်လှုပ်ရှားခြင်းလဲမရှိ။ သူ့မိဘတွေနဲ့ပက်သက်လာရင် သူ့မှာဘာခံစားချက်မှမရှိတော့တာကြာခဲ့ပြီ……..

မေမွှေးတို့ကတော့အလုပ်ရှုပ်နေလျက်၊ အခန်းသန့်ရှင်းရေးလုပ်၊ မာမီက အနီရောင်ကြိုက်သူမို့ ခန်းစီးစတွေအနီရောင်တပ်ဆင်ကာမာမီနှစ်သက်အောင် ပြင်ဆင်နေတော့သည်။

အခန်းနောက်တစ်ခန်းကိုလဲ ပြင်ဆင်ထားဖို့မှာသည်တဲ့။ ဘာလို့လဲဟုသူမမေးခဲ့ပါ စိတ်လဲမဝင်စားတာမို့.......

"သား..... စစ်မင်း .. လေဆိပ်ကိုသားသွားကြိုမလား''

အခန်းထဲကထွက်လာသောသူ့အား မေမွှေးကလှမ်းမေးတော့...

"သားမသွားဘူး မေမွှေး ... ကိုဖေမောင် ကိုပဲလွှတ်လိုက်"

"တစ်ခါတစ်လေပြန်လာတာကို သားမသွားပဲ အိမ်က driver ကိုသွားကြိုခိုင်းလို့ကောင်းပါ့မလားကွယ်"

သူမေမွှေးစကားကိုလျစ်လျူရှုကာ နွေတို့အိမ်ဘက်ထွက်ခဲ့တော့သည်။

ခြံထဲမှာပန်းပင်ရေလောင်းနေသော နွေ့အားတွေ့လိုက်ရသဖြင့်

''ထူးထူးဆန်းဆန်းကွာ ... အပင်တွေဘာတွေ ရေလောင်းလို့ပါလား''

ဟိုနေ့ကကိစ္စမျက်နှာပူနေပါတယ်ဆိုမှာ ဒင်းကအိမ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ကိုရောက်ချလာသေးတယ်။နွေဘာမှပြန်မပြောပဲ ပန်းပင်သာရေဆက်လောင်းနေလိုက်သည်။

''ဟိတ်ရောင် .... ငါပျင်းတယ်ဟ မြို့ထဲမုန့်စားသွားရအောင်''

"ငါဒီမှာ အလုပ်ရှုပ်‌နေတာမမြင်လား မသွားချင်ပါဘူး"

"ငါဝယ်ကျွေးမယ်လေ"

"မစားဘူး ငါ့ဟာငါလဲဝယ်စားနိုင်တယ်''

"ငါစိတ်ညစ်နေလို့''

စစ်မင်းစကားကြောင့် နွေ စစ်မင်းကိုတစ်ချက်ကြည့်လိုက်ကာ၊ ဟုတ်သည်၊ သူတကယ်စိတ်ညစ်နေတာပဲ၊ သူမရှေ့မှာအမြဲပြုံးရယ်နေတတ်တဲ့သူ ၊ ခုတော့ တစ်ခုခုကိုအလိုမကျဟန်ဖြစ်နေသောကြောင့် နွေရေပိုက်ကိုပိတ်ကာသူ့အားမေးလိုက်သည်.....

သူ (He)जहाँ कहानियाँ रहती हैं। अभी खोजें