အပိုင်း(၂)

3.3K 105 0
                                    

(Unicode)

"စစ်မင်း ဟိတ်ရောင် ဒီနေ့ DU ကိုသွားရအောင်"

အတွေးဖောက်လာသော မျိုးကြီးစကားကြောင့် အားလုံးကအတိုင်အဖောက်ညီညီပင်

"ကောင်းသားပဲ"

"ခုတလောမျက်စိအားမကောင်းဖြစ်နေတာနဲ့အတော်ပဲ" ဟုငလင်းကဆိုသည်

စစ်မင်းတို့အဖွဲ့ခြေမချဖူးတဲ့ကျောင်းမရှိသလောက်ရှားသည်။ နောက်ဆုံးနှစ်ကျောင်းသားပီပီကျောင်းသားပါးဝလာသောသူတို့အဖွဲ့ကို ဆရာ၊ဆရာမများကပင် လက်မြှောက်ထားပြီဖြစ်သည်။အတန်းထဲတစ်ခါမှမရှိ၊tutorial ဖြေတုန်းတစ်ချက်သာမြင်ရတတ်သော သူတို့အဖွဲ့

...............

"မနှစ်သစ်...... မနှစ်သစ် ခဏလေး"

နောက်မှခေါ်သံကြား၍နွေလှည့်ကြည့်လိုက်တော့ အသားဖြူဖြူ အရမ်ရှည်ရှည်နဲ့ကောင်လေးတစ်ယောက်နွေ့ဆီကို‌ပြေးလာသည်။

"ဘယ်သူလဲ ဘာကိစ္စရှိလို့လဲဟင်"

"ကျွန်တော် sec year physics ကသန့်စင်ဟိန်းပါ၊ first year တတ်တုန်းကပဲ မကိုသဘောကျတာ မပြောရဲလို့"

"အင်း"

နွေ "အင်း" တစ်လုံးသာပြောပြီးလှည့်ထွက်ဖို့အလုပ်

"ခဏ... မကိုကျွန်တော်ဒါလေးပေးချင်လို့"

ပြောရင်းလက်ကကမ်းပေးလာတဲ့စာအုပ်လေးတစ်အုပ်

"ဒါဘာလဲ"

"ကျွန်တော့်ရင်ထဲကခံစားချက်တွေ ‌ဒီတိုင်းပြောရင်အလေးမထားသလိုဖြစ်မှာစိုးလို့ diary ရေးထားတာ ရင်ထဲကခံစားချက်အစစ်အမှန်တွေကို"

DU လာရင်မဖြစ်မနေစစ်မင်း physics ဆောင်ကိုအမြဲလာသည်။နွေရှိနေသည်ကိုး....။ထိုအချိန်မှာပဲအဆောင်ရှေ့မှာ နွေနှင့် ကောင်လေးတစ်ယောက်ကိုတွေ့တော့ ဒေါသထွက်ထွက်ဖြင့်အနားရောက်လာပြီး ကြားလိုက်ရတဲ့စကားကြောင့်

"သူ့မှာမင်းခံစားချက်တွေကိုဖတ်နေဖို့ အချိန်မရှိဘူး ကိုယ့်စာအုပ်ကိုယ်ပြန်ယူသွား"

လှည့်ကြည့်စရာမလိုအောင်ကိုသိနေသောအသံ။
ဟိုကောင်လေးကတော့ဘလိုင်းကြီးဝင်ပြောလာသောသူ့ကိုကြည့်ကာ

သူ (He)Where stories live. Discover now