အပိုင်း(၁၆)

3K 83 0
                                    

(Unicode)

"စစ်မင်း"

သူပွဲတတ်ရှိလို့ center မှာ suit လာဝယ်ရင်း လှမ်း‌ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ ငလင်းဖြစ်နေသည်။ ဘေးမှာကောင်မလေးကငလင်းလက်ကိုချိတ်လျက်။

"ဟာ ဟိတ်ရောင် မတွေ့တာကြာပြီ ဘယ်လိုလဲ အဆင်ပြေလား Photographer ကြီး"

"ဒီလိုပါပဲကွာ ငါကမင်းဟုတ်များဟုတ်ပါ့မလားလို့ … ငါ့ကောင်ကြီးပြောင်းလဲသွားချက်ကွာ မိတ်ဆက်ပေးရမယ် ဒါငါ့ကောင်‌မလေး လင်းလက်မေတဲ့ သဲ ဒါကိုယ့်ဘော်ဒါအရင်းကြီး ဘုန်းစစ်မင်း"

"အော် ဟုတ် တွေ့ရတာဝမ်းသာပါတယ် အစ်ကို''

"ကျွန်တော်လဲဝမ်းသာပါတယ်ဗျာ ….. ငလင်း မင်းအားလား လာလေ တစ်ခုခုစားသောက်ရင်းစကားပြောကြရအောင်"

"အားပါတယ် ၊ နော်သဲ ဆိုင်ထိုင်ရအောင်"

ငလင်းကသူ့ကောင်မလေးထံခွင့်တောင်းနေသေး၏။ ရည်းစားမထားဘူး၊ချုပ်ချယ်တာမခံချင်ဘူးဆိုတဲ့ကောင်က ခုမှလာပြီး နုရွပြနေသေးသည်။

ကောင်မလေးကခေါင်းညိတ်ပြတော့မှမျက်နှာကြီးဖြီးကာ

"ဒီဆိုင်မှာထိုင်ရအောင် စစ်မင်း ဒါနဲ့မင်းမျိုးကြီးတို့နဲ့တွေ့ဖြစ်သေးလား"

"အပြင်မှာမတွေ့ဖြစ်ပါဘူးကွာ ဟိုနေ့ကတော့ VC ပြောဖြစ်သေးတယ် မင်းတို့ဘာစားမလဲငါဝယ်ကျွေးမယ်"

"သဲဘာစားမလဲ ဒီကောင်ကိုအားမနာနဲ့ မှာသာမှာ ကိုယ်တို့အဖွဲ့မှာ ဒီကောင်ကဘောစိ"

"ရတယ်ကိုကို အဆင်ပြေတာတစ်ခုခုပဲမှာလိုက်ပါ''

"အဲ့ဆိုကိုယ်တို့စားစရာသွားယူလိုက်မယ်နော်"

ကောင်တာမှာစားစရာတွေမှာယူပြီးငလင်းကသူ့ကောင်မလေးအတွက်အစားအသောက်‌တွေပြင်ဆင်ပေးနေပြန်၏၊ ပိုလွန်းနေတာကြောင့် သူငလင်းအားဆောင့်ကန်ချင်စိတ်တွေပေါက်‌ပေါက်လာသည်။

"ငါရှေ့လလောက်က Paris သွားချေသေးတယ် Pre weeding အတွက် photo shoot တစ်ခုရှိလို့"

"မိုက်လှချည်လား အောင်မြင်နေတယ်ပေါ့"

"အဲ့တာထားအုံး ငါသိချင်နေတာ မင်းရဲ့နွေကဘယ်သူနဲ့အိမ်ထောင်ကျသွားတာလဲ"

သူ (He)Dove le storie prendono vita. Scoprilo ora