အပိုင်း(၁၃)

3K 85 0
                                    

(Unicode)

သူနွေကြိုက်တဲ့မုန့်နဲ့ နွေကြိုက်တဲ့ပန်းတွေဝယ်ကာ နွေ့ဆီသို့လာခဲ့တော့သည်။ ဒီလောက်နဲ့တော့သူ့ကိုခွင့်လွှတ်မှာမဟုတ်ပေမယ့် သူကြိုးစားးရမည်။

သူအိမ်ထဲဝင်လာတော့ breakfast စားနေတဲ့အန်တီမေကိုတွေ့၏၊

"သား စစ်မင်း လာအုံး အန်တီသားကိုမေးစရာရှိတယ်''

သူအန်တီ‌မေနားကိုသွားပြီး ပါလာသောပစ္စည်းများကိုစားပွဲခုံ‌ပေါ်တင်ပြီး ဝင်ထိုင်လိုက်သည်။

"ထမင်းကြော်စားမလား ခူးပေးမယ်လေ''

"သားစားခဲ့ပြီ ဘာမေးမလို့လဲ''

"‌သမီးနဲ့သားရန်ဖြစ်ကြတာလား''

"ဟုတ် ညကပြဿနာ နည်းနည်းရှိသွားတယ်"

"ဒါတွေကသားသူငယ်ချင်းအတွက်လား"

သူပါလာသောပစ္စည်းများကိုမေးငေါ့ပြပြီး မေးလာသောကြောင့်

"ဟုတ် နွေမနိုးသေးဘူးလား"

"သမီးသွားးပြီ"

"ဘယ် ဘယ်ကိုသွားတာ"

"မနက် 6:00 flight နဲ့ သမီးထွက်သွားပြီ၊ ဘာပြဿနာတွေများကြီးကြီးမားမားဖြစ်ကြလို့လဲကွယ်"

သူ့နားသူမယုံနိုင်။ မဟုတ်ပါစေနဲ့လို့ဆုတောင်းနေပေမယ့် မပြည့်နိုင်တော့။ ဒီလောက်ထိမြန်မြန်ထွက်သွားလိမ့်မယ်လို့ မထင်ထားမိခဲ့။

နွေ့မျက်နှာလေးကိုတောင်သူမမြင်လိုက်ရ။ နှုတ်ဆက်ခွင့်တောင်မပေးခဲ့။

"အန်တီဘယ်လိုမှ တားမရခဲ့ဘူး၊ ညကသားတို့အိမ်ကပြန်လာပြီး ချက်ချင်းလေယာဉ်လက်မှတ်မရမကဝယ်ခိုင်းတာ၊ ဘယ်လိုပြောပြောမရဘူး သိတယ်မလား သားသူငယ်ချင်းအကြောင်းကို ဆုံးဖြတ်ပြီးရင်မပြင်တတ်တာ......

ပစ္စည်းတွေသိမ်းဆည်းပြီး ဒီမနက်ပဲထွက်သွားတာ၊ သားတို့ကြားကပြဿနာကိုတော့ အန်တီမေ မမေးတော့ပါဘူး၊ သမီးကအဲ့လောက်ထိခံစားတတ်တဲ့မိန်းကလေးမဟုတ်ဘူးဆိုတာ သားသိပါတယ်၊ တစ်ညလုံး အခန်းတံခါးပိတ်ငိုနေတာ ၊ ဘယ်လိုမေးမေးမရဘူး"

အန်တီမေပြောရင်းမျက်ရည်ကျလာသည်။ သူ့ကြောင့် အရာအားလုံးသူ့ကြောင့်ပဲ။ သူစိတ်အလိုလိုက်ခဲ့မိလို့ ခုသူချစ်တဲ့လူကိုဆုံးရှုံးရတော့မယ်။

သူ (He)حيث تعيش القصص. اكتشف الآن