အပိုင်း(၅)

2.7K 92 1
                                    

(Unicode)

''ဘုန်းစစ်မင်း''

ထမင်းစားခန်းထဲမှ ဒယ်ဒီ့ခေါ်သံကြောင့် ကျောင်းသွားရန်ဆင်းလာသောသူ ဒယ်ဒီ့အားတစ်ချက်လှည့်ကြည့်လိုက်တော့မနက်စာဝိုင်းတွင်လူစုံနေပြီ၊ သူမသိသောတစ်စုံတစ်ယောက်ကလဲ သူ့အား ပြုံးပြလျက်……

''မိဘတွေရောက်နေတာတောင် တစ်ချက်မှလာမတွေ့ဘူး မင်းအဲ့တာဘာအချိုးချိုးတာလဲ''

"မိဘဆိုပြီး ဘာတွေများထူးခြားနေလို့ ကျွန်တော်ကလာတွေ့ရမှာလဲ၊ ပြောစရာရှိနောက်မှပြော ကျောင်းသွားရအုံးမယ်''

''ဟိတ်ကောင် ... ဘုန်းစစ်မင်း … မင်းရိုင်းလှချည်လား ''

"ဟုတ်တယ် ... ကျွန်တော်ကရိုင်းတယ် ဒယ်ဒီ သူများတွေလိုဆုံးမပေးမယ့် မိဘမရှိခဲ့လို့''

"တော်ပါတော့ … မနက်စောစောစီးစီး သူစိမ်းတွေလဲမဟုတ်ဘူး ရန်ဖြစ်မနေကြနဲ့တော့ ... သမီးပန်းကိုအားနာပါအုံး အကိုကလဲ''

သားအဖနှစ်ယောက်ရဲ့တင်းမာမှုကို ဒီတိုင်းထားရင် ထသတ်ကြ‌တော့မည်ကိုသိ၍ ဒေါ်ကြည်ပြာတစ်ယောက်ဝင်ထိန်းလိုက်မှငြိမ်ကျသွားတော့သည်။

''ပန်းကသူစိမ်းမှမဟုတ်တာ ရပါတယ် အန်တီကြည်''

''သား မနက်စာစားသွားလေ သားကြိုက်တဲ့ ရှမ်းခေါက်ဆွဲ မာမီလုပ်ပေးထားတာ''

"ကျွန်တော် ရှမ်းခေါက်ဆွဲမစားတာ ဆယ်နှစ်ကျော်ပြီ မာမီ ကျွန်တော်သွားတော့မယ်"

သားအပြောကြောင့် ဒေါ်ကြည်ပြာမျက်နှာပျက်သွားကာ

''သားကတစ်ကယ်ပဲ ရှမ်း‌ခေါက်ဆွဲ မစားတော့တာလား မမွှေး''

အနားမှာရှိတဲ့ ဒေါ်မွှေးကြူကိုအားကိုတကြီးမေးတော့မှ

''ဟုတ်တယ် ကြည် … ကြည်သူ့ကိုနောက်ဆုံးရှမ်းခေါက်ဆွဲလုပ်ကျွေးပြီးတဲ့နေ့ကစလို့ သား စစ်မင်းကမစားတော့တာ''

ဘုရား … ဘုရား ။ သားကသူပြောခဲ့တဲ့စကားကိုယခုထိမမေ့သေးတာတော့ မဟုတ်လောက်ပါဘူးနော် ... ဒေါကြည်ပြာ အတွေးတွေလွန်ခဲ့သောဆယ်နှစ်ခန့်ကိုပြန်ရောက်သွားကာ………

သူ (He)जहाँ कहानियाँ रहती हैं। अभी खोजें