အပိုင်း(၁၁)

2.9K 97 1
                                    

(Unicode)

"အန်တီမေ နွေရော"

"အပေါ်ထပ်မှာ အပြင်သွားစရာရှိလို့တဲ့''

"ဟုတ်တယ် ကျွန်တော်လိုက်ပို့မှာ"

အောက်ထပ်မှမားနဲ့စစ်မင်းတို့စကားပြောသံတွေကြားနေရသည်။ နွေမြန်မြန်အဝတ်အစားဝတ်ကာ ဆင်းလာခဲ့၏၊

ခုတလောစစ်မင်းက နွေ့ဆီအမြဲလာနေတတ်သည်။ နွေစားချင်တာဝယ်ကျွေးတာတို့၊ shopping လိုက်ပို့ပေးတာတို့ ၊ ဘယ်မှသွားစရာမရှိရင်အိမ်မှာလာပြီးနေတတ်၏။

"သွားမယ်လေ မားဘာမှာအုံးမလဲ''

"မမှာတော့ဘူး ကောင်းကောင်းသွားကြ"

"ဟုတ်"

"အန်တီမေ သွားပြီ"

ခြံထဲကကားကိုမောင်းထွက်လာပြီး Mingalar cinema သို့ဦးတည်လိုက်သည်။ သူဒီနေ့ နွေနှင့်အတူ ရုပ်ရှင်ကြည့်မည် ၊ တစ်နေကုန်လျှောက်လည်မည်ဟုဆုံးဖြတ်ထားသည်။

နွေမသွားခင်အချိန်လေးမှာ စက္ကန့်တိုင်းကသူ့အတွက်တန်ဖိုးရှိနေသည်။ နွေရှိနေချိန်လေးအတွင်းမှာ သူ နွေနဲ့ပဲအချိန်ကုန်မည်။ ဒါကြောင့်သူ company ကိုတောင်မသွားဖြစ်ပေ။

"ဟဲ့ နင်ဘာကားကြည့်မှာ"

Movie ရွေးနေရင်းနွေသူ့အားလှမ်းမေးတော့

"နင်ကြိုက်တာကြည့်"

"ဟာသကားကြည့်မလား"

"မကြည့်ဘူး"

"သရဲကားရော''

"မကြိုက်ဘူး''

"အဲ့ဆိုနင်ဘာကြည့်မှာ''

"နင်ကြိုက်တာကြည့်ပါဆို''

"အက်ရှင်ကားရော"

"အင်း မဆိုးဘူး ကြည့်မယ်''

"မကြည့်ဘူး drama ပဲကြည့်မယ် ဟွန့် ပိုက်ဆံရှင်းလိုက်"

*ချစ်စရာလေးကွာ* နွေမကြားအောင်နှုတ်မှတိုးတိုးလေးပြောမိသည်။ နှုတ်ခမ်းလေးစူကာ သူ့အားပြောလာတော့ ဒီကောင်အခါခါသေ။

ခုတလောအရမ်းတွေ close to ဖြစ်လွန်းလို့လားတော့မသိ သူနွေ့အပေါ်ခံစားချက်တွေ ထူးဆန်းနေတာ သတိထားမိသည်။

သူ (He)Where stories live. Discover now