အပိုင်း(၉)

2.7K 87 0
                                    

(Unicode)

"ဟိတ်ကောင်မလေး… ထတော့ ဘယ်ချိန်ရှိနေပြီလဲ … မိန်းကလေးဖြစ်ပြီးစောစောစီးစီးထတယ်လို့ကိုမရှိဘူး''

"အာ … မားကလဲ ဘယ်ချိန်ရှိသေးလို့လဲ အစောကြီးကို''

"ဆယ်နာရီထိုးနေပြီ ဘာအစောကြီးတုန်း အခန်းကလဲမှောင်လို့ပိန်းလို့ … ထစမ်းပါ ငါရိုက်မိတော့မယ်''

"အားးး မား နာတယ်''

အိပ်ယာထဲလူးလိမ့်နေသောနွေ့အားမားစိတ်မရှည်တော့ပဲတင်ပါးကိုခပ်ဆတ်ဆတ်ရိုက်လိုက်တော့မှ အိပ်ယာပေါ်ငုတ်တုတ်ထထိုင်တော့၏၊

အပြောထက်လက်ကမြန်သောမားလက်သံကိုနွေငယ်ငယ်ကပဲကြောက်ရသည်။ သူများတွေလိုဖတဆိုးလေးမို့ဘာမို့ အလိုလိုက်မယ်မဆိုထားနှင့် တစ်ရက်တစ်ရက်အရိုက်မခံရတဲ့နေ့လို့မရှိခဲ့။

"အခန်းလေးဘာလေး သန့်ရှင်းရေးလုပ်အုံး ထတော့သွား မျက်နှာသစ်''

"ဟုတ်"

တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီး နွေအောက်ထပ်သို့ဆင်းခဲ့လိုက်သည်။

"မားရေ့ … ဘာစားရမှာလဲ "

"ကော်ဖီနဲ့ပေါင်မုန့်ရှိတယ်"

"အဲ့တာကြီးစားရမှာလား''

"နောက်နေ့ စောစောမထရင်အဲ့တာတောင်မစားရဘူးမှတ်''

"မား သိပ်ရက်စက်"

နွေမျက်နှာလေးရှုံ့မဲ့ကာ စားပွဲပေါ်ကကော်ဖီနဲ့မုန့်ကိုယူစားလိူက်သည်။ ဒီသမီးလေးတစ်ယောက်တည်းရှိတာကို ဆူမယ် ရိုက်မယ်ဆိုတာချည်းပဲ။

"ကျောင်းဆက်တတ်မှာလား"

ဟင်းချင်နေရင်းမားကလှမ်းမေးတော့

"မတတ်‌တော့ဘူးမား ဒါပေမယ့် Qualify ပါအောင်တော့ဖြေထားတယ်သိလား ဟီး ဟီး''

"မတတ်ပဲနဲ့ ပင်ပန်းခံပြီး ဘာလုပ်မှာအဲ့တာပါတော့''

"ဒီတိုင်းလိုချင်လို့ပေါ့ မားကလဲ"

"အဲ့ဆိုခုဘာလုပ်မယ်စဉ်းစားထားလဲ"

"မားလုပ်ငန်းမှာဝင်လေ့လာမယ်လေ"

သူ (He)Where stories live. Discover now