အပိုင်း(၁၇)

3K 83 2
                                    

(Unicode)

"တင်းတောင် ... တင်းတောင်"

အိမ်ရှေ့မှ bell တီးသံကြောင့် နွေထိုင်နေရာမှအားယူထရင်းတံခါးဖွင့်ရန်ထလာခဲ့၏။

"မားကတော့ သော့ပါသွားတာကိုဘာလို့ bell တီးနေပါလိမ့်"

ဈေးကိုတစ်ပတ်မှတစ်ခါပဲသွားပါလို့ပြောတာကိုမရ မလတ်ဆတ်မှာကြောင့်တဲ့ နှစ်ရက်တစ်ခါသွားဝယ်နေတတ်သည်။Market ထဲမှာလနဲ့ချီကြာနေတာက‌လတ်ဆတ်တာကျနေတာပဲ။

"သော့ပျောက်လာလို့လား"

တံခါးဖွင့်ရင်းမေးလိုက်တော့ luggageကြီး ဆွဲကာတံခါးဝမှာမတ်တပ်ရပ်ပြီး သူမအားပြုံးလျက်ကြည့်နေသောလူကြောင့် နွေ့မှာကြောင်အမ်းသွားရတော့သည်။ဘယ်တော့မှမမြင်ချင်တဲ့မျက်နှာဆိုပေမယ့် မသိစိတ်မှာသူမအကြိမ်ကြိမ်တွေ့ချင်နေခဲ့တဲ့မျက်နှာ

စွယ်တာလည်ပိတ်လက်ရှည်အနက်၊ဘောင်းဘီအနက်မှာအပေါ်မှအသားရောင် ကုတ်အင်္ကျီကိုထပ်ဝတ်ထားသည်။ shoe ကလဲအနက်မို့ all black ဖြစ်နေကာ အတော်ကြည့်ကောင်းနေသည်။ ဘယ်လောက်မှမကြာသေးတဲ့အချိန်မှာ မျက်နှာအနေအထားနဲ့ ဆံပင်ပုံစံကပြောင်းသွားတော့ အခြားတစ်ယောက်လို......။

"အဟွန်း ..... ကြည့်ပါ ကြည့်ပါ ပြီးရင်တော့အထဲဝင်ခွင့်ပေး"

သူမျက်နှာပြောင်တိုက်ပြီးသူမကိုယ်လေးကိုတွန်းဖယ်ကာ အိမ်ထဲဝင်လာခဲ့၏၊ ထိုသို့မဝင်ရင်လဲ သူ့ကိုဘယ်လိုမှဝင်ခွင့်ပေးမှာမဟုတ်တာ သူသိနေသည်။

ဂါဝန်အောက်ကဗိုက်ပူပူလေးကထိုးထွက်နေသည်။ ပါးလေးတွေလဲဖောင်းကားလို့ ၊ လက်ချောင်းသွယ်သွယ်လေး ၊ ခြေဖမိုးလေးတွေကဖောင်းအစ်လို့နေ၏၊ သူမမျက်နှာလေးကိုသူ့မှာကြည့်မဝနိုင်။

"နင်ဘာလာလုပ်တာလဲ"

သူထပ်ပြီးမျက်နှာပြောင်တိုက်ကာ ခုံမှာဝင်ထိုင်လိုက်တော့သည်။ သူအရမ်းပင်ပန်းလွန်း၍လှဲပစ်ချင်နေပြီ။ သူမလေးကိုတွေ့ချင်ဇောဖြင့် စိတ်ကသူမဆီပဲရောက်နေကာ သူတစ်မှေးမှမမှေးရသေး။ လူကနှုံးချိနေသော်လဲ သူမလေးမျက်နှာမြင်ရတော့ သူ့မှအား‌ဆေးတစ်ခွက်လို

သူ (He)Where stories live. Discover now