အပိုင်း(၂၁)

2.8K 76 0
                                    

(Unicode)

"အားး မသိဘူး မပြောနဲ့ "

ရန်ကုန်ပြန်ရောက်ရောက်ချင်း ဒေါ်နွေနှစ်သစ်ဦးတို့စမွှေပါပြီ။ အိမ်မှာအားလုံးပြင်ဆင်ထားပြီဆိုတာကို သူ့အိမ်မှာချည်းနေမယ်ပြောနေတော့ စိတ်ကတိုချင်လာပြီ။

"လိုက်မနေချင်ရတဲ့ အကြောင်းပြချက်ပေးလေ ကိုယ့်ကို"

"မနေချင်လို့ပေါ့ ဘယ်လိုအကြောင်းပြချက်ထပ်လိုချင်သေးလို့လဲ"

"အားး နွေရာ အရမ်းရစ်တာပဲ''

"ရစ်တယ်ဟလား ... အေး .. အကြောင်းပြချက်ပေးမယ် ... ဒီမှာမားတစ်‌ယောက်ထဲ စိတ်မချလို့ ရပြီလား"

"အဲ့တာအကြောင်းပြချက်လား ... ဒါဆိုရင်တော့အဲ့ကိစ္စစိတ်မပူနဲ့ အန်တီမေနဲ့ကိုယ်တိုင်ပင်ထားပြီးသား"

"ဘာကိုလဲ ဘာတိုင်ပင်ထားတာလဲ ငါတစ်ယောက်ထဲမသိတာလား"

နှုတ်ခမ်းစူပြီးကလေးလိုလုပ်နေတာလေးက အသဲယားချင်စရာ။

"ဟားး .. ကလေးလိုပဲကွာ .... အန်တီမေလဲကိုယ့်အိမ်လိုက်နေလိမ့်မယ် ရပြီလား"

"အာဝေ မားကပါဘာလို့လဲ သူများအိမ်မှာ ဘာလို့လိုက်နေမှာ"

"နွေရေ ... ကိုယ့်ကိုရစ်ချင်တာနဲ့ပဲ ကလေးလိုလျှောက်လုပ်မနေနဲ့ကွာ"

"နင်ကအဲ့လိုပြောတာလား ကောင်းပြီလေ စိတ်ကြိုက်သာလုပ်ကြတော့ ခုချိန်ထိငါ့ဘဝငါ့စိတ်ကြိုက် တစ်ခါမှမနေခဲ့ရဘူး ဘယ်တော့မှလဲနေရမှာမဟုတ်ဘူး လောကကြီးကိုစိတ်ကုန်လာပြီ"

လူကောင်သေးသလောက်စကားလုံးတွေကမိုးလောက်ကြီးသည်။ သူ့စိတ်ကြိုက် ဘယ်လောက်ထိများ‌နေချင်သလဲမသိ။ တစ်ခါမှမနေရလို့ကလာသေး။ မသိတဲ့လူတွေဆိုတော်တော်သနားနေရောမယ်။

ခုလဲဒါလေးပြောတာ စိတ်ကောက်သွားပြန်ပြီကွာ။ သားလေးအိပ်နေတာမို့ တံခါးကိုအသာပိတ်သွားလို့ တော်သေးသည်။

အလုပ်ကိုပစ်ထားတာကြာပြီမို့ စိတ်ကောက်နေလဲ မ‌ချော့နိုင်သေး။ အဝတ်အစားလဲပြီး အလုပ်သွားရအုံးမည်။ မပြောသွားရင်ထပ်ပြီးစိတ်ကောက်မှာစိုး၍ အခန်းတံခါးအသာခေါက်တော့ ဖွင့်မပေး။

သူ (He)Tempat cerita menjadi hidup. Temukan sekarang