အပိုင်း(၇)

2.6K 84 2
                                    

(Unicode)

စာမေးပွဲနီးလာပြီမို့ နွေကျောင်းမသွားတော့ပဲ အိမ်မှာပဲစာကျက်နေလိုက်သည်။ ဒီကြားထဲ စစ်မင်းနဲ့လဲမတွေ့ဖြစ်သလို သူ ph ခေါ်တိုင်းလဲ silent လုပ်ထား၍မသိလိုက် ပြန်လဲမခေါ်ချင်တာမို့အမြဲတမ်းသူ့ Ph ကိုမကိုင်သလိုဖြစ်နေသည်။

အရင်ကဆိုနွေတစ်ရက်နှစ်ရက်လောက်စကားမပြောပဲနေတာနဲ့ အိမ်သို့ရောက်ချလာတတ်သောစစ်မင်းတစ်ယောက် ခုဆိုနှစ်ပတ်ကျော်ပြီ ပေါ်မလာချေ။

နွေ့အခန်းကကြည့်လျှင် ဟိုဘက်ခြံကိုအားလုံးလှမ်းမြင်နေရသဖြင့်သူနဲ့ပန်းဆိုသောမိန်းမချောလေးအတူတွဲသွားတွဲလာလုပ်နေတာကိုမမြင်ချင်၍ နွေအခန်းထဲရှိခန်းစီးစအားလုံးပိတ်ထားသည်။

အရင်ကစစ်မင်းဘယ်ကောင်မလေးနဲ့တွဲတွဲသိပ်သဝန်မတိုခဲ့ ၊ ခုမှဘယ်လိုဖြစ်နေမှန်းမသိ နွေကိုယ့်ကိုယ်နားမလည်နိုင်……

▪️▫️▪️▫️▪️▫️▪️▫️

"စစ် … ဒီနေ့ ပန်းကို shopping လိုက်ပို့နော်"

ကျောင်းကပြန်လာတိုင်းသူ့မှာမနားရ ဟိုလိုက်ပို့ပါ ဒီလိုက်ပို့ပါနဲ့၊ ခုလဲကျောင်းပိတ်ရက်မှာ မနားရဘူး shopping တဲ့ …

ပန်းကခင်ဖို့ကောင်းသလို၊ စကားပြောရင်လဲပွင်းလင်းတာမို့ သူနဲ့ပေါင်းရတာတော်တော်အဆင်ပြေသည်။ အနားမှာမိန်းကလေးတစ်ယောက်မဟုတ်တစ်ယောက်ထားတတ်သော သူ့အကျင့်ကြောင့် ပန်းသူ့အနားလိုက်ကပ်‌နေတာကို သူမငြင်းပဲ မျှောလိုက်နေမိသည်။

"လိုက်ပို့မယ်လေ ဘယ်ချိန်သွားမှာ''

"ခုသွားကြမလား … တစ်ခါတည်းအပြင်မှာနေ့လည်စာစားကြမယ်"

"သဘောပါဗျာ"

ခုဆိုခုစိတ်မြန်တာလဲသူ့အပြင်မရှိ။

ထွက်သွားသောသားဖြစ်သူနှင့် သမီးပန်းတို့အားကြည့်ကာ ဒေါ်ကြည်ပြာစိတ်ထဲကျေနပ်ပီတိဖြစ်နေမိကာ ပြုံးနေမိသည်။

''မမွှေးရေ … ကြည့်ပါအုံး … သားနဲ့သမီးပန်းကလိုက်ဖက်လိုက်တာနော် ကြည်ဖြင့် အရမ်းစိတ်ချမ်းသားတာပဲ"

"ကြည်က ကလေးနှစ်ယောက်ကိုဘာဘောတူနေတာလား''

"ဘာလို့လဲ မမွှေး၊ သားကသမီးပန်းကိုသဘောကျနေတယ်လို့ မမွှေးမထင်ဘူးလား''

သူ (He)Where stories live. Discover now