အပိုင်း(၂၃)

2.6K 73 0
                                    

(Unicode)

"ခွန်းစစ်လေးလားကွယ် ... အတတ်ကလေးတော် မာမားမြေးလေးက လုပ်ပြ‌နေတာကြည့်အုံး"

"........."

ညနေ company ကပြန်ရောက်ရင်‌မြေးဆီကို အပြေးအလွှားလာပြီး တွေ့ရတာအမော။ စစ်အိမ်မှာပဲနေပါဆို မနေချင်ဘူးတဲ့လေ။

အစကတော့မားပါလိုက်နေမယ်လေး ဘာလေးနဲ့ နှစ်ယောက်ပေါင်းပြီးဝိုင်းလိမ်လိုက်ကြတာ။

"သားပြန်မရောက်သေးဘူးလား"

"ဟုတ်တယ် အရင်ကဒီချိန်ဆိုပြန်ရောက်နေပြီ"

"ဟဲ့ ph ဆက်ကြည့်အုံးလေ"

"နေပါစေမားရယ် အချိန်တန်ပြန်လာမှာပေါ့"

"ဆက်စမ်းပါ ဘာဖြစ်မှန်းမသိဘူး"

"ကလေးမှမဟုတ်တာပဲကို"

"ဆက်ဆိုဆက် လျှာမရှည်နဲ့''

မားသဘောကျ မားရှေ့မှာပဲ ph ခေါ်ပြလိုက်ရသည်။ ဒင်းကလဲ အချိန်တန်အိမ်ပြန်မလာပဲ ဘယ်သဝေထိုးနေမှန်းမသိ။

"ဟဲလို"

တစ်ဖက်ကမိန်းက‌လေးအသံမို့နွေမျက်ခုံးတစ်ချက်တွန့်သွားသည်။ ပန်းဝတ်မှုံမဟုတ်တာတော့သေချာသည်။

"ဘုန်းစစ်မင်း မရှိဘူးလား"

"ကိုကို Toilet သွားလို့ ၊ ဘယ်သူလဲဟင်"

နွေ့ရင်တွေပူထူပြီး လက်ကလဲချွေးစေးတွေပြန်လာတော့သည်။

ကိုကိုတဲ့လား။
ဘာတွေလဲ။
ထပ်ပြီးငါ့ကိုသစ္စာဖောက်ပြန်ပြီလား။

အတွေးများစွာနဲ့ခေါင်းတွေရှုပ်ယှက်ခတ်နေပေမယ့် မားရှေ့မှာမို့ ဟန်ဆောင်နေရင်း.....

"ဘာမှမဟုတ်ပါဘူး ဒါပဲနော်"

ဆက်ပြီးချိုအီနွဲ့ပြောင်းနေတဲ့အသံကိုထပ်မကြားနိုင်တော့လို့ ph ကိုကပြာကယာချပစ်လိုက်သည်။ စိတ်ဆိုး‌ဒေါသထွက်ခြင်းနှင့်အတူ လက်ဖျားတွေအေးစက်နေသည်။

"ဘာတဲ့လဲ"

"နောက်ကျမယ်တဲ့ အရေးကြီးဧည့်သည်နဲ့ တွေ့နေရလို့"

"နေ့တိုင်းပဲနောက်ကျနေတာလား"

မားကအရိပ်အခြေကိုကြည့်ကာမေးနေပြီမို့

သူ (He)Where stories live. Discover now