Part-1

19.2K 1.6K 161
                                    

"သားတော် ငြိမ်ငြိမ်လေးနေပါလို့ ခမည်းတော်‌‌တောင်းဆိုပါတယ်။သားတော်က ကိုယ့်ကိုကိုယ်Omega ဆိုတာ သတိရဦး အကိုတော်တွေနဲ့ သွားလာနေတာတောင် လွန်လှပီ"

"အာ!ခမည်းတော်ကလဲ စိတ်ပူတတ်ရန်ကော။Omega လဲလူပဲဟာ။တခါတလေကျ အဲ့ omega ဆိုတာကြီးကို မေ့ထားလို့မရဘူးလား"

"ခမည်းတော်က သားတော်လေးအတွက်ပြောနေတာ မဟုတ်ရင်‌တောင် သားတော်ကို လိုချင်လွန်းလို့ အတိုင်းတိုင်းအပြည်ပြည်က ဘုရင်တွေက ချောင်းနေတာလေ...ဘယ်သူမှမမြင်တဲ့နေရာမှာ ထားလိုက်ချင်တော့တာ တစ်နေ့တစ်နေ့ သားတော်ကို လက်ထပ်ခွင့်ပြုဖို့ တောင်းဆိုတဲ့ mail ‌တွေကြောင့် ခေါင်းတွေလဲကိုက်လှပီ"

Brus ပြည်နယ်က King ရဲ့ တစ်ဦးတည်းသော သားတော်လေးဟာ Omega ဆိုတာကို သိကထဲပင် တခြားပြည်နယ်ပေါင်းစုံက King တို့ဟာ စိတ်ဝင်စားလာကြသည်။Male Omega ဆိုတာ ရွှေထက် အဖိုးတန်တာကိုး...

မိတဆိုးလေး ကင်ထယ်ယောင်းကို ဖခင်ဘုရင်ကြီးက အရမ်းကို ချစ်မြတ်နိုးတာမို့ ထိမ်းထိမ်းသိမ်းသိမ်းနေစေသော်လည်း ထိုမင်းသားငယ်ဟာ စကားနားမထောင်သော Omega လေးဖြစ်လို့နေသေးသည်။

ဘုရင်ကြီးခဗျာ သားတော်ကို ဆူလဲမဆူရက်၊လွှတ်ထားလို့ကလဲ မဖြစ်တာကြောင့် အကျပ်ရိုက်လို့နေသည်။သားတော်ဟာ အဖိုးတန်လေးဖြစ်တာကြောင့် မည်သူနဲ့မှ တူတယ်တန်တယ် မထင်ခဲ့။သားတော်သာ တစ်ယောက်ယောက်နဲ့ လက်ဆက်သွားမှာကိုလဲ ဖခင်ပီပီ အတ္တကြီးမိပြန်သေးသည်။

နှုတ်ခမ်းစူစူကို တစ်တောင်လောက်ထွက်ကာ ထယ်ယောင်းက ဖခင်ကို လှမ်းကြည့်၍...

"သူများမင်းသားတွေဆို နေရာစုံလျောက်သွားပီး ပျော်နေကြတာ IG မှာပလူပျံနေအောင်ကို တင်ထားကြတယ်။သားကတော့ IG သုံးခွင့်ပါ အပိတ်ခံထားရတာ အဲတာကောင်းသလား။ခမည်းတော် အရမ်းချုပ်ချယ်လွန်းတယ်"

ခြေစောင့်ကာ ထွက်သွားလေသော သားတော်ကို ကြည့်ကာ ခေါင်းခါ၍သာ ပြုံးနိုင်တော့သည်။

ကင်ထယ်ယောင်းက အဆိုးလေး...

_____________

"ဖြစ်ပါ့မလား...ထယ်ယောင်းရယ်"

The Alpha King And His Omega (Season-2) (Complete)Where stories live. Discover now