Part-9

9.8K 1K 78
                                    

မင်ယွန်ဂီတစ်ယောက်စိတ်အညစ်ကြီးညစ်နေခဲ့ရသည်။သူက ဂျီမင်းလေးနဲ့ နှစ်ယောက်ထဲလျောက်သွားပျော်ပါးကာ အတိတ်တွေကိုပြန်လည်နှိုးဆွချင်သည်။သို့သော်အရှုပ်ထုပ်ညီငယ်လေးဟာ ခပ်တည်တည်ဖြင့် စောင့်နေရာနေရာသို့ ရောက်လာခဲ့တယ်။ဂျီမင်းဟာ အနောက်ကနေ စူပုတ်၍ ခပ်ကုပ်ကုပ်လိုက်ပါလာရတယ်။

မတတ်နိုင်။ထယ်ယောင်းကို ဘယ်တုန်းကမှ မလွန်ဆန်နိုင်တဲ့ သူတို့ညီအကိုတွေအဖို့ အနဲငယ်ဆူရုံကလွဲ မတားရဲကြ။

"အကိုငယ်...ကျွန်တော့်ကို Jeon ဆီလိုက်ပို့ပေး ပြီးမှ အကိုငယ်တို့သွားချင်တဲ့ နေရာကိုသွား"

ကားမောင်းနေတဲ့ ယွန်ဂီဟာ ဒီတော်တော်ဖြစ်နေတဲ့ Omega ကို ရိုက်ချင်လာရတယ်။Omega ဈေးကျလိုက်တာ။

"ဦးရီးတော် မသိဘူးနော် ထယ်ယောင်း၊မြန်မြန်တော့တွေ့ အကိုငယ်တို့လဲ ဒီနားဟိုနားပဲ ပြီးရင် ပြန်လာခေါ်မယ်"

"ဟုတ်ကဲ့ပါ။စိတ်ဖြောင့်ဖြောင့်သာသွား...မုန့်တွေအများကြီး ဝယ်စားခဲ့ကြ နော် ဂျီမင်း"

ထယ်ယောင်းက အပြုံးတွေကို ဖောဖောသီသီထုတ်၍ ပြော‌နေပီး ဂျီမင်းရဲ့ပါးဖောင်းဖောင်းတွေကို ကိုင်ဆွဲသော်လည်း ဂျီမင်းသည် တုပ်တုပ်မလှုပ်။ဒီသူငယ်ချင်းနှစ်ယောက် စိတ်ကောက်ပြန်ပီထင်ပါတယ်။အနောက်ခန်းကနှစ်ယောက်သားကို ကားမှန်ကနေကြည့်ရင်း သဘောကျစွာပြုံးမိပြန်သည်။

ထယ်ယောင်းကို ဂျောင်ကုရဲ့ အခန်းရှေ့ထိချပေးခဲ့ပီးနောက် ယွန်ဂီလဲ ဂျီမင်းနဲ့ အေးဆေးစကားပြောလို့ရမည့်နေရာသို့သွားရန်ပြင်ရသည်။

"ရန်ဖြစ်ထားကြပြန်ပီလား"

ဂျီမင်းကို ရှေ့ခန်းသို့ ရွှေ့ထိုင်ခိုင်းပီးနောက် ယွန်ဂီလဲမေးလိုက်သည်။ဂျီမင်းက သူ့ကိုမော့ကြည့်လာပီး ပြုံးပြလေသည်။

"ဟီး တမင်စိတ်ကောက်ထားတာ! အကိုငယ်ပဲ စဉ်းစားကြည့် ပေးပီးသားပစ္စည်းကို ပြန်တောင်းရအောင် သမီးရည်းစားရန်ဖြစ်တာလား။အကိုငယ့်ညီက အလျော့ပေးလို့ ရောင့်တက်နေတာ။ဒီတခါတော့ ပတ်ဂျီမင်းက အလျော့မပေးတော့ဘူး"

The Alpha King And His Omega (Season-2) (Complete)Where stories live. Discover now