Part-8

9.3K 1K 119
                                    

ကွင်းပြင်ကျယ်ထဲတွင် စားပွဲဝိုင်းအရှည်ကိုချထားပီး ပေါက်စီလုံးများထောင်ပေါင်းများစွာ တန်းစီ၍ချထားခဲ့သည်။ဂျောင်ကုသည် အနက်ရောင်ဘောင်းဘီကို အပေါ်က အနက်ရောင် ရှပ်ဖြင့်တွဲဖက်ဝတ်ဆင်၍ ဆံပင်ကောက်တို့ကို နဖူးပေါ် ကပိုကယိုချထားခဲ့သည်။

ရှပ်အကျီလက်ကို‌တံတောင်စစ်ထိရောက်အောင် ခေါက်တင်ထားသောကြောင့် တက်တူးတို့သည် အသားဖြူဖြူပေါ်တွင်ထင်းနေခဲ့သည်။နန်းတော်ထဲက Omega အမျိုးသမီးငယ်တို့ရဲ့ မျက်လုံးအစုံဟာ ဂျောင်ကုပေါ်တွင်ကျရောက်လို့နေကြသည်။

ယနေ့သည် Omegaကို ပိုင်ဆိုင်နိုင်ဖို့ အတွက် ပြိုင်ရမည့်ပထမဆုံး ပြိုင်ပွဲဖြစ်သည်။

ဂျောင်ကုသည် စားပွဲဝိုင်းတွေကို မြင်သည်နှင့် တချက်ပြုံးလိုက်မိသည်။

သူထင်ထားသလိုပါပဲလား...

King Kimနဲ့ မင်းသားလေး ရောက်လာသည်နှင့်တပြိုင်နက်အားလုံးဟာ အရိုအသေပြုလာပီး ထယ်ယောင်းတို့လဲ သတ်မှတ်ရာ စင်မြင့်တွင်ဝင်ထိုင်ခဲ့ကြသည်။အပေါ်စီးကနေ ကြည့်နေသော်လဲ Jeon ကိုကောင်းမွန်စွာမြင်ရတာမို့ ထယ်ယောင်းဟာ စိတ်ပူပန်မှုဖြင့် လက်တွေကို ပွတ်သပ်နေမိသည်။

"ဂျီမင်း...Jeon မနိုင်ရင်ဘယ်လိုလုပ်မလဲ"

ဘေးနားမှာထိုင်ကြည့်နေတဲ့ဂျီမင်းကိုသူလှည့်ပြောတော့ ဂျီမင်းသည် မျက်ခုံးပင့်ပြပီး...

"မနိုင်ရင် မင်းတို့ကွဲမှာပေါ့ရှင်းနေတာကို"

"ငါရိုးမသားလေး စကားကောင်းကိုမပြောဘူး"

ထယ်ယောင်းလဲ ဂျီမင်းကိုအားကိုးလို့မရတာမို့ Jeon နိုင်စေဖို့သာ ဆုတောင်းမိတော့သည်။

ပြိုင်ပွဲသည် ရိုးရှင်းသည်။သို့သော်မလွယ်ကူပါ။

ပေါက်စီအလုံးပေါင်း တစ်ထောင်ကျော်ရှေ့ဂျောင်ကုမတ်တပ်ရပ်ကာ ယောင်းကိုရှာနေမိသည်။

အနီရောင်ဝတ်ရုံလေးဖြင့်ယောင်းကိုတွေ့သည်နှင့် သူ့ရင်ခုန်သံဟာမြန်ဆန်လာရသည်။

အဝေးကနေတောင် ထင်းနေတဲ့ ကိုယ့် Omega လေးရယ် လှရက်လိုက်တာ....

"ပြိုင်ပွဲဝင် Jeon Jungkook ~ဒီရှေ့က ပေါက်စီ အလုံးတစ်ထောင်ထဲမှာ တစ်လုံးက လက်စွပ်ထည့်ထားပါတယ်။ထို လက်စွပ်မတွေ့မချင်း ပေါက်စီကို စားရမှာပါ"

The Alpha King And His Omega (Season-2) (Complete)Where stories live. Discover now