Part-15

9.1K 950 54
                                    

ဂျောင်ကုရဲ့ မိဘဖြစ်သူတို့သည် နန်းတွင်းထဲနေစေရန်ပြောသော်လည်း လက်မခံဘဲ ရှိနေ၏။ထယ်ယောင်းကို အသေအချာကို တစ်မြတ်တစ်နိုးဖြစ်နေကြတဲ့ အဖေနဲ့ အမေကိုကြည့်ကာ ဂျောင်ကုလဲ အပြုံးပန်းဝေနေရ၏။

ထယ်ယောင်းလက်ကိုဖွဖွအုပ်ကိုင်ကာ အမေကချစ်စကားတို့ကိုဆိုပီး ပါးကိုနမ်းခွင့်တောင်းနေပြန်သေးသည်။ထယ်ယောင်းကတော့ ပြုံးပန်းဝေဆာသော မျက်နှာကလေးဖြင့် ပါးလေးထိုးပေးနေသည်ကို သဝန်တိုစွာ ရပ်ကြည့်နေမိသော ဘုရင်ကြီးပါလေ...

"အမေ !ပြန်တော့လေ မှောင်နေပါ့မယ်။သားလိုက်ပို့ခိုင်းပေးထားတယ်နော်"

အမေက မျက်စောင်းထိုးကာ ထယ်ယောင်းကို တိုးတိုးဘာတွေကပ်ပြောနေသည်မသိ။ရှက်ရိပ်သန်းသွား‌သော ယောင်းရဲ့မျက်နှာလေးကို မြင်လိုက်ပါသည်။ပြီးနောက် အဖေက အမေ့ကိုပုခုံးကနေဖက်၍ ဆွဲခေါ်သွားရသည်ကို သဘောကျစွာလိုက်ကြည့်၍ပြုံးမိပြန်သည်။

"ယောင်းလေး!အမေကဘာပြောတာလဲ"

"ဟင်!ဘာမှမဟုတ်ပါဘူး ဂျွန်ရဲ့!ကျမ်းမာရေးဂရုစိုက်ဖို့ပြောသွားတာပါ"

မြေးလေးတွေလိုချင်တယ်ဟု ပြောသွားတဲ့ ယောက်ခမကြီးအကြောင်းမပြောနေတော့ဘူးကွယ်။ရှက်လို့ပါ...

"ကဲပါ တစ်နေကုန် ဧည့်သည်တွေကြား ကိုယ့်ယောင်းလေးက ပင်ပန်းနေပီပေါ့။သွားနာကြရအောင် ယောင်း"

ဂျွန်သည်ခါးကိုဖက်၍ သူ့ဘက်ကိုဆွဲလေ၏။ထယ်ယောင်းလဲ ဂျွန်ရဲ့ ရင်ဘတ်နားထိတိုးပီး ကိုယ်သင်းရနံ့တို့ကို ရှုရှိုက်မိသည်။ပင်ပန်းလွန်းသဖြင့် တောင့်တမိတာ ဂျွန့်ရဲ့ Pheromoneတို့ဖြစ်သည်။

"အရှင်ဂျောင်ကု!!ကျွန်မပြန်တော့မယ် !လာနှုတ်ဆက်တာပါ"

ခန်းမထဲက လူတစ်ချို့ပြန်နေကြတာမို့ ဂျောင်ကုတို့လဲ နှုတ်ဆက်နေရင်းက အနားကိုရောက်လာတဲ့ သူငယ်ချင်းမ တာတာ!

ယခု‌တော့ဖြင့်အလှမ်းဝေးကွာနေသော ဂျောင်ကုကို ရင်းရင်းနှီးနှီးဆက်ဆံ၍ပင်မရသော‌အခြေအနေ။ဘယ်တတ်နိုင်ပါ့မလဲလေ။ကံကြမ္မာက ဒီလိုဆိုတော့လဲ နောက်ဆုတ်ရုံသာ။

The Alpha King And His Omega (Season-2) (Complete)Where stories live. Discover now