Part-5

9.6K 1.1K 43
                                    

ဂျောင်ကုဆေးရုံတက်နေရတာ ၃ရက်ရှိနေခဲ့ပီ။လူက နဖူးကွဲပီး ခါးရိုးအနည်းငယ်ထိသွားတာကြောင့် ဆရာဝန်ကဆေးရုံမှာပဲနေခိုင်းခဲ့တာ။၃ရက်လုံးယောင်းကိုပဲ စိတ်ပူနေမိတော့တာ။

ဖခင်နဲ့ အကိုတွေဝိုင်းဆူတာများ‌ခံနေရသလား ကိုယ့်ယောင်းငယ်လေးရယ်။

ဆေးရုံကဆင်းလို့ရပီဆိုတာနဲ့ သူအဆောင်ကိုသာ ပြန်လာခဲ့သည်။အမေသာသိရင် ငိုနေလေမလားပဲ။ဂျောင်ကုတို့မိသားစုက Lose ပြည်နယ်မှာ အနေအေးဆေးတဲ့ မိသားစုကလေးဖြစ်သည်။အဖေက Alpha ဖြစ်ပီး company အသေးစားလေးထောင်ထားသည်။အမေက Beta ဆရာဝန်ဖြစ်သည်။

ဂျောင်ကုကတော့တစ်ဦးတည်းသောသားပီပီ ဆိုးသည်လဲမဆိုသာ သူ့ဟာသူလွတ်လွတ်လပ်လပ်နေတတ်သောသူဖြစ်သည်။

သူအဆောင်ပြန်ရောက်တော့ အိပ်ယာပေါ်မှာ ဖြေးဖြေးချင်းလှဲချ၍ အိပ်လိုက်ပီး ယောင်းကိုစိတ်ပူနေမိသည်။သူယောင်းကို သတိရနေသလို လွမ်းလဲလွမ်းလှပီ။ယောင်းက သူ့ Omega ဖြစ်လာပီမို့ အလွမ်းဒဏ်ကပိုဆိုးသည်။

ယောင်းရဲ့ကြာဖြူရနံ့သင်းပျံ့နေတဲ့ ကိုယ်ခန္ဓာကိုယ်လေးကို ထွေးပွေ့ကာဖက်ထားချင်လှပီ။နူးညံ့အိစက်နေတဲ့ ပန်းနုရောင်နှုတ်ခမ်းပါးကိုလဲ ဖွဖွလေးဖိကပ်နမ်းရှိုက်ချင်လာရသလို ပါးဖောင်းဖောင်းလေးကို လဲ တယုတယနမ်းချင်လာပီ။

ပုံမှန်အတိုင်းလှုပ်ရှားနေရတဲ့ နေ့ရက်တွေမှာယောင်းကို ‌တွေ့ခွင့်ရနိုင်မဲ့ နည်းလမ်းမျိုးစုံကို စဉ်းစားနေရတယ်။

မတွေ့ရတဲ့ တစ်လအတွင်းယောင်းလေးရော ကိုယ့်လိုသတိရ‌နေရင်ကောင်းမယ်။

ဒီနေ့မှာတော့ ဂျောင်ကုအတွက် အခွင့်အရေးတစ်ခုရရှိလာခဲ့သည်။နန်းတွင်းတွင် ဘုရင်ရဲ့ မွေးနေ့မို့ ဧည့်သည်များကိုဝင်ခွင့်ပြုထားခဲ့သည်။အကိုဟိုဆော့လဲ သွားရမည်မို့ သူလဲ လိုက်ရန် ဆုံးဖြတ်လိုက်သည်။

ကိုယ်ယောင်းကို လာတွေ့မှာမို့ စောင့်နေရမယ်နော်...

__________

သူတို့ကို ထုံးစံအတိုင်းစစ်ဆေးပီးမှဝင်ခွင့်ပြုကြသည်။ရုပ်အနည်း‌ငယ်ဖျက်လာသော သူ့ကို တစ်ခါ‌တွေ့ပီးသူကတော့မှတ်မိမည်မထင်ပါ။ခေါင်းပေါ်က ဦးထုတ်အဝိုင်းဖြင့် Suit ကို သပ်သပ်ရပ်ရပ်ဝတ်လာသောသူက ဂျွန်ဂျောင်ကုရဲ့ ပထမပုံစံနဲ့ မတူကွဲထွက်နေတာကိုး။

The Alpha King And His Omega (Season-2) (Complete)Where stories live. Discover now