Part-12

9K 1K 85
                                    

"Jay!! တကယ် Jay လား ဒီကိုဘယ်လိုရောက်လာရတာလဲ"

"Jay ရဲ့ဆေးစစ်ချက်အဖြေက Male Omega ကိုကို။Brus ကို ဆက်သခံလိုက်ရတာပေါ့။ကိုကိုမှဟုတ်ပါ့မလားလို့ ကြည့်နေတာ။ဟင့်!ကိုကိုရက်စက်တယ် Jay ကိုအကြာကြီး ပစ်ထားရက်တယ်"

ပြောရင်းဖြင့် ထိုကောင်လေးသည် သူ့ရင်ခွင်ထဲခိုဝင်လာသည်။ကိုယ့်ထက်ခေါင်းတစ်လုံးပုသူမို့ ရင်ခွင်ထဲအံဝင်ခွင်ကျဖြစ်လို့နေခဲ့သည်။

ဟိုနေ့က Male Omega အကြောင်းကြားထဲက သူအလိုလိုစိတ်ထဲသိနေမိတာ။ဒီကောင်လေး ဆေးတွေ သောက်နေခဲ့တာကိုလဲသိတာကြောင့် စိတ်ဆိုးသဖြင့် ပစ်ထားခဲ့သည်။ယခင်ဘဝကို အခုနောက်ပိုင်းပြန်မှတ်မိလာတော့ Jay ကို အရင်လောက်မခင်တွယ်ချင်တော့။

ဘဝချင်းမတူဘူးဆိုပေမဲ့ Jay သည် ဟာရူပြန်လည်ဝင်စားသည်ဆိုသည့်စိတ်ကြောင့် သူ့အတွေးတွေလဲ ပြောင်းလဲခဲ့ရသည်။

Jay ကို မမုန်းပေမဲ့ မခင်တွယ်ချင်တော့ပါ။ယောင်းကို ဟာရူဘဝတွင်လုပ်ခဲ့သည့်အပြုအမူများက ဘယ်ဘဝနေနေခွင့်လွှတ်ချင်စရာမှ မကောင်းခဲ့ဘဲဟာ။

"Jay! လွှတ်ဦး...မင်းတကယ်ပဲ ဆေးစစ်ချက်က မှန်လို့လား"

ဂျောင်ကုသည် True blood ဖြစ်သည့်အလျောက် Omega တို့၏ ရနံ့တွေကို ခွဲခြားသိမြင်သည်။ယခု jay၏ ရနံ့သည် ထူးဆန်းနေခဲ့တာမို့မေးလိုက်မိခြင်း။

Jay!!မင်းက ဟာရူလက်သစ်ဆိုရင်တော့ ငါကဒီတိုင်းကြည့်မနေဘူးနော်!!

"ကိုကိုကလဲ Jay ကိုမယုံဘူးလား။ကိုကိုဘာပဲဖြစ်ဖြစ် Jay အရင်ကထက်လှလာတာတော့ ကိုကိုလက်ခံတယ်မလားဟင်"

Jay က ပြောမယ်ဆို တကယ်ချစ်ဖို့ကောင်းပါသည်။သေးသေးသွယ်သွယ်ခန္ဓာကိုယ်က ယောင်းလောက်မဟုတ်ပေမဲ့ လှတဲ့ထဲပါသည်။မျက်နှာလေးသည်လဲ ဖူးဖူးလေးဖြစ်နေပီး အသားအရည်ကပန်းရောင်ထနေသောကြောင့် ခြုံကြည့်လျင် Omega လှလှလေးဖြစ်ပါသည်။

သို့သော် ဂျောင်ကု၏ မျက်လုံးထဲတွင် သူ့omega လေးသာ အလှဆုံးဖြစ်သည်။

"အင်း!လိမ်မာရင်တော့ ပိုလှမယ်ထင်တယ်"

ထယ်ယောင်းအကွယ်လေးကနေ Jeon တို့ပြောနေသော စကားများကို နားထောင်‌နေမိတော့‌တာ။ငယ်ငယ်ကအကြောင်းတွေပြောနေကြသော Jeon သည် တစ်ပြုံးပြုံးဖြစ်လို့နေသည်။တစ်ခါတစ်ရံ ထိုကောင်လေးသည် Jeon ကိုယ်ကိုလှမ်းပုတ်နေပါသေးသည်။

The Alpha King And His Omega (Season-2) (Complete)Where stories live. Discover now