Part-14

8.9K 996 41
                                    

"ဖြေးဖြေးစားပါ ယောင်းရယ်။ကြည့်ပါဦး ပါးစပ်တစ်ခုလုံးလဲ ပေပွနေတာပဲ။ပေးပေး ကိုယ်ခွံပေးမယ်"

"ယောင်း ကလေးမဟုတ်ပါဘူးနော်"

ကလေးမဟုတ်ဘူးသာဆိုတယ်။မျက်လုံးလှလှထိုး၍ စူပုတ်ပြနေသေးတယ်။ပဲခေါက်ဆွဲစားနေလိုက်တာများ ပေပွနေတာပဲ။ပြောတော့လဲမကြိုက်ချင်။

"စားကောင်းလား"

"ဟုတ်!ဂျွန့် လက်ရာမို့ အရမ်းကောင်းတယ်"

ခေါင်းငြိမ့်ကာဖြေလာသော omega လေးကို ထွေးပွေ့မိပြန်သည်။ယစ်မူးဖွယ်ရနံ့‌ကလေးကို ပိုင်ဆိုင်သော ထယ်ယောင်းကို သိပ်ချစ်ပါသည်။

တစ်ရှုးဖြင့် ပေကြံနေသည်တို့ကိုသုတ်ပေးလိုက်တော့ ငြိမ်ခံနေပြန်သည်။

"ရေသွားချိုးလိုက်ဦးမယ် "

"မှောင်နေပီ ယောင်းရယ် မနက်မှ ‌ချိုးပါလား"

"အာ ချိုးဝူး!အခုချိုးရမှာ။skincare ရဦးမယ်~မနက်ဖြန် ယောင်းရဲ့ အရေးအကြီးဆုံးနေ့ကလေးမှာ လှနေမှ ဖြစ်မှာ။ဂျွန် အလုပ်ရှိရင် လုပ်လို့ရတယ် ယောင်းက ကြာမှာ"

ပြောပီး ရေချိုးခန်းထဲဝင်သွားသော ထယ်ယောင်းကို သူမနိုင်ပါ။ဘဝအဆက်‌ဆက် သူ့အပေါ်ဆို အနိုင်ယူနေသေးတာကိုပဲ ‌ကျေနပ်နေမိတာ။

ရေချိုးခန်းထဲရောက်သည်နှင့် ဝတ်ဆင်ထားသမျှ တစ်လွှာချင်းချွတ်ချလိုက်ပီး အရင်ဆုံး ရေနွေးနွေးစပ်လိုက်သည်။လက်ချောင်းသွယ်သွယ်တို့ဟာ ဖြေးဖြေးချင်းလှုပ်ရှားနေပီး ဆပ်ပြာအနှစ်တို့ကို ကန်ထဲသို့လောင်းချလိုက်သည်။

ထယ်ယောင်းရဲ့ ရေချိုးဆပ်ပြာက ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်ပီး စတော်ဘယ်ရီသီး အနံ့မွှေးမွှေးဖြစ်သည်။သစ်သီးနံ့တို့ကိုသာ ကြိုက်တတ်သော ထယ်ယောင်းအတွက် ခမည်းတော်က အမွှေးနံ့သာအတွက် ဝန်ထမ်းခေါ်ကာ သီးသန့်ထုတ်စေသည်။

ခမည်းတော်ကို လွမ်းလိုက်ရတာ...

အတွေးတို့ကိုခါထုတ်၍ Scrub ဘူးလေးကိုဖွင့်ပီး ကိုယ်လုံးကို တိုက်ရန်ပြင်‌နေစဉ်...

"အမေ့!!"

ရုတ်တရက်ဆန်စွာ ‌ခါးသိမ်သိမ်ကို ဖက်တွယ်လာတဲ့ တက်တူးအပြည့်ဖြင့် သန်မာသော လက်တစ်စုံကြောင့် ထယ်ယောင်းလန့်သွားမိသည်။

The Alpha King And His Omega (Season-2) (Complete)Hikayelerin yaşadığı yer. Şimdi keşfedin