Part-16

8.4K 993 83
                                    

ဂျွန်မရှိတဲ့နေရာကို လိုက်လာမိတာမှားပီဟု ခံစားရသည့်အချိန်တွင် အလွမ်းဒဏ်ပိနေခဲ့ပီ။ဒါတောင် တစ်ညပဲရှိပါသေးသည်။နောက်ဆို alpha နဲ့ခပ်ဝေးဝေးမှာ မနေတော့ဘူးဟုဆုံးဖြတ်လိုက်သည်။

ဂျီမင်းနဲ့ အကိုငယ်တို့နှစ်ဦးသား စကားတွတ်ထိုးချိန်လဲ ဂျွန့်ကိုလွမ်းသည်။လျှောက်လည်နေပါသော်လည်း မပျော်ပိုက်နိုင်ဘဲ ဂျွန့်ကိုလွမ်းပါသည်။

"ထယ်ယောင်း!ထမင်းစားတာ နဲလှပီလား"

အကိုငယ်တို့နှင့် မိသားစုလက်စုံထမင်းဝိုင်းလေးမှ ထထွက်လာတော့ ဂျီမင်းက ပြောလေသည်။ထယ်ယောင်း အန်ချင်လာတာမို့ ရပ်လိုက်တာ။သို့သော် မှောင်မိုက်သော အရာတစ်ခုကို ရိပ်ခနဲခံစားလိုက်ရပီး ထယ်ယောင်းလဲကျခဲ့ရသည်။အကိုငယ်ရဲ့ မိဘဖြစ်သူ ဦးရီးတော်နှင့်ဒေါ်လေးရဲ့ စိုးရိမ်သည့်အော်သံတို့အပြင် ဂျီမင်းရဲ့ အော်ဟစ်ခေါ်သံတို့ကိုကြားလိုက်ရပီး အမှောင်အတိ။

ထယ်ယောင်းသတိပြန်ရတော့ ည ၁၁နာရီပင်ဖြစ်နေခဲ့ပီ။အကိုငယ်တို့ရဲ့ မိသားစုဆရာဝန်ရောက်ရှ်ိနေပီး ထယ်ယောင်းကို စစ်ဆေးနေခဲ့သည်။ထယ်ယောင်း အားမရှိသဖြင့် မျက်လုံးကောင်းစွာမဖွင့်နိုင်ပါ။

"ဂုဏ်ယူပါတယ်!ဧကရီလေးမှာ အရှင်မင်းကြီးရဲ့ ရင်သွေးလေး လွယ်ထားရပါတယ် အခုက အားနည်းနေလို့ ဆေးသွင်းပေးထားတယ်ခင်ဗျ"

ဆရာဝန်ရဲ့ စကားသံကိုထယ်ယောင်းခပ်တိုးတိုးသာကြားရပေမဲ့ ရင်ထဲမှာ ဝုန်းဒိုင်းကျဲ၍ ခုန်ပေါက်နေခဲ့ရသည်။မျက်လုံးတို့တွင် မျက်ရည်တို့သည် ပြည့်အိုင်လာရပီးနောက် တစ်ပြိုင်တည်းမှာပင် ခမည်းတော်ကိုသတိရလာခဲ့ရသည်။မယ်တော်က ထယ်ယောင်းငယ်စဉ်ကထဲက ဆုံးပါးသွားရတာကြောင့် ခမည်းတော်က မိခင်လိုရော၊ဖခင်လိုရောစောင့်ရှောက်ခဲ့ရတာ။

ကိုယ်တိုင်ဖခင်ဖြစ်တော့မည်ဆိုသည့် အသိကြောင့် ထယ်ယောင်းရင်ထဲတွင် ပြောမပြတတ်သည့်ကြည်နူးမှူကိုခံစားနေရသည်။

အားလုံး၏ အပြုံးမျက်နှာတွေကြား ဂျွန့်မျက်နှာကိုသာ မြင်ချင်မိသည်။ဂျွန်သာဆို ဘယ်လောက်တောင် ပျော်နေလိုက်မလဲလေ။

The Alpha King And His Omega (Season-2) (Complete)Hikayelerin yaşadığı yer. Şimdi keşfedin