Part-19

10.5K 958 49
                                    

ကုတင်ပေါ်ကနေ သူ့က်ိုကြည့်နေတဲ့ ထယ်ယောင်းသည် မျက်နှာငယ်ဖြင့်။ဆရာဝန်စမ်းသပ်တော့ ကိုယ်ဝန်သည် ၃လတောင်ကျော်နေခဲ့ချေပီ။‌ကလေးရှိနေတာ မပြောသည့်အပြင် မေ့ပါမေ့နေသော ယောင်းကို တကယ်စိတ်ဆိုးမိပါသည်။

ဒီAlpha က ကလေးဘယ်လောက်တောင်မှ လိုချင်နေသလဲ သိရက်နဲ့ ။

ဆရာဝန်ပြန်သွားသည်နှင့် ကုတင်ပေါ်ကနေ ကုန်းရုန်းထပစ်တာများ ကလေးပါ ထွက်ကျနိုင်တယ်။သူ့လက်ကိုပါ ဆွဲချပီး ကုတင်ပေါ်ထိုင်စေသည်။

"ဂျွန်...!! ယောင်းကို စိတ်မဆိုးပါနဲ့ဆို...အဲ့နေ့က ပြောမလို့ဟာ ဂျွန်နဲ့ Jay ပြသနာကြောင့် ယောင်းက စိတ်ဆိုးပီးမပြောတော့တာ။အခု ဂျွန်က ဒါကိုစိတ်ကောက်တယ်ပေါ့။ယောင်းလဲ အဲ့တုန်းကစိတ်ကောက်လို့ မပြောလေ။ဂျွန်သိဖို့ ကောင်းပါတယ်"

"အခု မင်းက တစ်ပြန်စိတ်ဆိုးနေတာလား"

"မဟုတ်ပါဘူး ဂျွန်ကလဲ။ယောင်း‌ကပြောပြတာကို"

ပြောရင်း ဂျောင်ကုရဲ့ ခါးတို့ကို အနောက်ကနေ သိုင်းဖက်ကာ ကျောကုန်းကို တအိအိနမ်းသည်။ပီးနောက် ပါးကိုကျုးကျော်လာတဲ့ နှုတ်ခမ်းနုနုလေး။တစ်ပြွတ်ပြွတ်လုပ်ကာ Alpha ကို ချော့နေလေသည်။

"ကဲပါ။ထားလိုက်တော့ ဗိုက်တစ်လုံးအဖေကို စိတ်မဆိုးရက်တော့ပါဘူး။အခု ယောင်းလေး ဘယ်လိုခံစားနေရလဲ ပြော"

"အစပိုင်းကပဲ အန်ချင်တာဘာညာဖြစ်တာ။ခုရက်ပိုင်း မဖြစ်တော့ဘူး။ကလေးရှိနေမှန်းတောင် မေ့နေတဲ့အထိ သက်သာ နေတာပါ ဟီးဟီး!!ဒီကိုကြည့် ခုန်လို့တောင်ရတယ်"

ဝုန်းခနဲထကာ ကုတင်ပေါ်တွင် ခုန်ပြလေသည်။

"ယောင်း!မလုပ်ရဘူးလေ....ယောင်းလေး"

ထယ်ယောင်းရဲ့ လက်လေးတွေကို ဆွဲယူကာ သူ့ပေါင်ပေါ်ဆွဲတင်လိုက်သည်။သူက ကုတင်ကို  ကျောမှီထားသောကြောင့် မျက်နှာချင်းဆိုင်တွင် Omega လေးက ရောက်နေခဲ့သည်။

"ချစ်တယ်!!ငြိမ်ငြိမ်လေး နေပီး ကိုယ့်ကလေး‌လေးကို မွေးပေးရမယ်နော်။ပီးတော့ ယောင်းလေးက အခု လူလွတ်မဟုတ်တော့ဘူး ကလေးအဖေလေးဖြစ်နေပီ။အရင်လို နေချင်သလို နေလို့မရတော့ဘူးလေ။‌ယောင်းလေးတစ်ခုခုဖြစ်ရင် ကလေးလေးကိုလဲ ထိခိုက်ရသလို ကိုယ့်ကိုလဲ ထိခိုက်ရမှာ။ယောင်းက အဲတာမျိုး ဖြစ်စေချင်သလား?"

The Alpha King And His Omega (Season-2) (Complete)Where stories live. Discover now