Part-11

9K 1K 95
                                    

ဒီနေ့ကိုတစ်နေ့နေ့တော့ ရောက်လာရမယ်လို့ လူမှန်းသိတတ်စအရွယ်ကထဲက မဟုတ်ဘူး အတိတ်ဘဝကို မှတ်မိထဲက တွေးထားပီးသား။

အခုတော့ဖြင့် ထိုနေ့ရက်လေးကိုရောက်လို့လာခဲ့ပီ။အရင်အတိတ်ဘဝက မိန်းကလေးဖြစ်ခဲ့သော်ငြား ဒီဘဝတွင် ယောက်ကျားလေးဖြစ်ခဲ့ရသည်။
ကိုကိုသည်လဲ သူ့ရဲ့ တိတ်တခိုးစိတ်ဝင်စားခဲ့ရတဲ့ အိမ်နီးချင်းဖြစ်လာခဲ့သည်။

ကိုကို တစ်နည်းအားဖြင့် အရှင်။လုံးဝကိုယ့်ဘက်ကိုမကြည့်ဘဲ ရက်ရက်စက်စက်မြှားလှံဖြင့် ပစ်သတ်ရက်ခဲ့သူ။မုန်းသည်။သို့သော် ဝဠ်ကြွေးကြီးပါဘိ။ယခုဘဝတွင်မုန်းမရခဲ့ဘဲ ကိုကိုရဲ့ ကြင်နာမှူများကြား ပျော်ဝင်ခဲ့ရပြန်သည်။အတိတ်ဘဝကို မမှတ်မိတဲ့ကိုကိုက သူ့ကို ညီငယ်လေးတစ်ယောက်ပမာ ဂရုစိုက်ပေးသည်။ယုယပေးသည်။ကြင်နာပေးခဲ့သည်။ထိုအရာများကြား အရူးလိုပျော်မွေ့ရင်းက ကိုကို့ကို ပိုင်ဆိုင်ချင်လာရပြန်သည်။

ကိုကိုနှင့် သူသည်အသက် ၇နှစ်ကထဲက အတူတူဆော့ကစားရင်းနေလာသော်လည်း သူ့အသက် ၁၂နှစ်အရွယ်မှာတင် ကိုကိုက Lose ကိုပြောင်းသွားခဲ့ရသည်။

ကိုကို့ကို အပိုင်လိုချင်သည့်စိတ်ကြောင့် ဆေးမစစ်ခင်စပ်ကြား ၆နှစ်လုံးလုံး Omega ဆေးတွေ ခိုးသောက်ခဲ့သည်။ကိုကိုက Male Omega ကို သဘောကျတာမဟုတ်ပါလား။အတိတ်ဘဝတွင် Male Omega ကြောင့်ပဲ သူ့ကိုသတ်ခဲ့ရတာ။ထို့ကြောင့် Omega သိပ်ကိုဖြစ်ချင်လာခဲ့သည်။
Omega မိန်းကလေးအားဆေးတို့ကြောင့် သူ ဆေးစစ်ချိန်တွင် ရင်အခုန်ကြီးခုန်ခဲ့ရသည်။

သို့သော် ဆေးစစ်ချက်သည် သာမန် Beta တစ်ယောက်သာ။ဒါပေမဲ့ ရည်ရွယ်ချက်တို့ကို မပျက်စီးစေရ။သူဆေးစစ်မည့်နေ့တွင် အတန်းထဲက သူ့ကိုတစ်ဖတ်သက်စိတ်ဝင်စားနေတဲ့ Omega ဟုထင်ရသော မိန်းကလေး၏ သွေးတို့ကို ဖောက်၍ ပို‌ကောင်းသော ဆေးရုံက ဆရာဝန်ထံသို့ နောက်တကြိမ်ပေးခဲ့သည်။

ထိုမိန်းကလေးနှင့် သူတစ်ညအိပ်၍ ရလာသော အကျိုးသည် ဆေးစစ်ချက် နောက်တစ်ကြိမ်တွင်တော့ Male Omega ဟုထွက်ပေါ်လာလေသည်။

ဆရာဝန်ကို တိုးတိုးတိတ်တိတ် ငွေအမြောက်အမြားပေးခဲ့တာမို့ ဘာအသံမှမထွက်လာဘူးဟု ယုံသည်။Amoya ပြည်နယ်က အချမ်းသာဆုံး သူဠေးကြီး၏ သားကိုရော မည်သူက လွန်ဆန်နိုင်မည်နည်း။

The Alpha King And His Omega (Season-2) (Complete)Where stories live. Discover now