Final

14K 1K 130
                                    

မဲနက်သော အဆင်းရှိပီး လူလေးငါးယောက် ဖက်ရင်တောင်မမှီမဲ့ ဝံပုလွေကြီးသည် လျှင်မြန်သော အရှ်ိန်ဖြင့် ထိုနေရာသို့ ရောက်လာခဲ့သည်။

ထယ်ယောင်းလဲ ကြောက်ရွံ့ဖို့သာတတ်နိုင်ပါတယ်။အခုဘာတွေဖြစ်ကုန်ပီလဲ လိုက်မမှီတော့သလို နေရာမှာပင် ကြောင်တောင်တောင်လေးရပ်နေမိတာ။

နေပါဦး။အခု ဂျွန့်ရဲ့Pheromone ကိုရနေတာ။ဂျွန်လာနေပီလား!

ထိုမဲနက်နေသော အကောင်ကြီးထံသို့ Jay ၏လူများက သေနတ်တို့ဖြင့်ပစ်တော့သည်။ထယ်ယောင်းလဲ ဘယ်သူမှန်းမသိသော်လည်း စိုးရိမ်မိသွားတာကြောင့် မတ်တပ်ရပ်ကာ တားရန်ပြင်နေစဉ် ခြေထောက်တို့အား သံကြိုးခတ်ခံထားခဲ့ရ၏။

သေနတ်သံတို့သာ ကုန်စင်သွားရတယ်။ထိုဝံပုလွေကြီးက ဘာမှဖြစ်ဟန်မတူတာမြင်မှ စိတ်အေးခဲ့ရသည်။စောင့်ရှောက်သူဆိုသော လူတွေကြောင့်ဖြစ်ရမည်။

ထိုစဉ် ဖြူလွှလွှအရိပ်တို့သည် Jay ၏လူများအားဝင်ရောက်တိုက်ခိုက်ပါတော့သည်။ထိုလူတွေက စောင့်ရှောက်သူတို့အား မမြင်ရသောကြောင့် အကုန်အထိနာကာ အတုန်းအရုန်းဖြစ်ကုန်ကြရသည်။

မဲနက်နေသော အကောင်ကြီး၏ မျက်လုံးတွေသည်လဲ နီရဲနေသည်မှ တစ်ဖြေးဖြေး အရောင်ပြောင်းကာ အပြာရောင်ဖြစ်ပီးနောက် လသည်လည်း ပြန်လည်ထွက်ပေါ်လာရသည်။

"ယောင်းလေး! ကိုယ်ပါ.."

ဟမ်!ဒါ က ဂျွန်!ဘုရားရေ ငါ့ယောက်ကျားက တိရစ္ဆာန်ကောင်ကြီး?"

ထယ်ယောင်းဒီလိုမျိုးလူသားကနေ Wolf Formပြောင်းချင်းကို စာတွေထဲတွင်သာ ဖတ်ခဲ့ရပီး အပြင်တွင်တစ်ခါမှ မမြင်ဖူးသောကြောင့် အထူးအဆန်းဖြစ်နေရပီး ထယ်ယောင်းရှေ့က အဝတ်အစားမပါတဲ့ ဂျွန့်ကိုလဲ အံဩတကြီးကြည့်နေရသည်။

ထိုစဉ် စောင့်ရှောက်သူ ခေါင်းဆောင်အမျိုးသမီးကြီးမှ ဝတ်ရုံတော်ကို ဂျွန့်အားပေးကမ်းလေသည်။

"ကျေးဇူးပါ မေမေ။"

မေမေ!ထိုအမျိုးသမီးက ဂျွန့်မေမေ!ဒါဆို ငယ်ငယ်က စွန့်ပစ်တယ်ဆိုတာ ဒီမေမေပေါ့။ဘာကြောင့် စွန့်ပစ်တယ်ဆိုတာ ထယ်ယောင်းနားလည်လာသလိုပဲ။‌

The Alpha King And His Omega (Season-2) (Complete)Where stories live. Discover now